ညောင်လေးပင်မြို့နယ်၌ ၂၀၂၂-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသားကျောင်းသူများ အေးချမ်းစွာ လာရောက်ဖြေဆို

ညောင်လေးပင် မတ် ၃၁

ပညာရေးဝန်ကြီးဌာနမှ ကျင်းပသည့် ၂၀၂၂-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ်အတွင်းရှိ စာစစ်ဌာနအသီးသီး၌ ယနေ့နံနက်ပိုင်းက အေးချမ်းစွာ လာရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

အဆိုပါစာမေးပွဲဖြေဆိုခြင်းကို ညောင်‌လေးပင်မြို့နယ်အတွင်းရှိ စာစစ်ဌာနပေါင်း(၄)ခုတွင် ဝင်ရောက်ဖြေဆိုရန် စာရင်းသွင်းထားသူ ကျောင်းသား ကျောင်းသူပေါင်း ကျောင်းတွင်းဖြေဆိုသူ (၁၀၄၃)ဦး၊ ပြင်ပဖြေဆိုသူ(၃၈၂)ဦး စုစုပေါင်း (၁၄၂၅)ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

နီနီ၀င်း(ပြန်/ဆက်)