ပြင်ခရိုင်ကျေးရွာအုပ်စုတွင် ကိုယ်ဝန်ဆောင်မိခင်နှင့် အသက် (၂)နှစ်အောက် ကလေးငယ်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူမှ ထောက်ပံ့ငွေများပေးအပ်

ဟိုင်းကြီးကျွန်း မတ် ၃၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့၊ ပြင်ခရိုင်ကျေးရွာအုပ်စုတွင် ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအား ငပုတောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူမှ ထောက်ပံ့ငွေပေးအပ်ပွဲကို ယမန်နေ့ ညနေပိုင်းက ပြင်ခရိုင် ဓမ္မရက္ခိတမြောက်ကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပေးအပ်ပွဲအခမ်းအနားကို ငပုတောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ အမျိုးသမီး​ရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ တာဝန်ရှိသူများ၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများ တက်ရောက်ခဲ့​ကြကြောင်း သိရသည်။

လှိုင်မျိုးအောင်(ပြန်/ဆက်)