တနင်္သာရီမြို့နယ်အတွင်း ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် စာစစ်ဌာန(၃)ခု၌ ကိုဗစ်-၁၉ ကာကွယ်ရေးနည်းလမ်းနှင့်အညီ (ပထမနေ့)မြန်မာစာဘာသာကို စတင်ဖြေဆို

တနင်္သာရီ  မတ် ၃၁

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်း ၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် စာစစ်ဌာန(၃)ခု၌ ယနေ့ နံနက် ၉ နာရီ မှ ၁၂ နာရီအချိန်အထိ (ပထမနေ့)မြန်မာစာဘာသာကို ကိုဗစ်-၁၉ ကာကွယ်ရေးနည်းလမ်းများနှင့်အညီ စတင်ဖြေဆိုကြကြောင်း သိရှိရသည်။

ယနေ့တွင် အထက-တနင်္သာရီစာစစ်ဌာနရှိ  ဖြေဆိုရန်စာရင်းရှိ ကျား(၇၃)ဦး+ မ(၁၅၁)ဦး ၊  ပေါင်း (၂၂၄) ဦးရှိသည့်အနက် ဖြေဆိုသူကျား(၆၆)ဦး+ မ(၁၃၄)ဦး၊ ပေါင်း(၂၀၀)ဦးရှိပြီး၊  ဖြေဆိုရန် ပျက်ကွက် သူ ကျား(၇)ဦး+ မ(၁၇)ဦး၊ ပေါင်း(၂၄)ဦးဖြစ်ကြောင်း သိရသည်။

အလားတူ အထက-ညောင်ပင်ကွင်းစာစစ်ဌာနတွင်  ဖြေဆိုရန်စာရင်းရှိ ကျား(၁၆)ဦး+ မ(၅၀)ဦး ၊ပေါင်း(၆၆)ဦးရှိသည့်အနက် လာရောက်ဖြေဆိုသူကျား(၁၃)ဦး+မ(၄၃)ဦး ၊ပေါင်း(၅၆)ဦးဖြစ်ပြီး ကျား(၃) ဦး+ မ(၇)ဦး၊ ပေါင်း(၁၀)ဦး ဖြေဆိုရန်ပျက်ကွက်ခဲ့ကြောင်း၊အလားတူ အထက-မော်တုန်းစာစစ်ဌာနတွင် ဖြေဆိုရန်စာရင်းရှိ ကျား(၁၇)ဦး+မ(၅၃)ဦး ပေါင်း (၇၀)ဦးစာရင်းရှိသည့်အနက် ယနေ့လာရောက် ဖြေဆိုသူ ကျား(၁၄)ဦး+ မ(၄၆)ဦး၊ ပေါင်း)(၆၀)ဦးရှိပြီး၊ ဖြေဆိုရန်ပျက်ကွက်သူ ကျား(၃)ဦး+ မ(၇)ဦး၊ ပေါင်း(၁၀)ဦးဖြစ်ကြောင်း သိရှိရသည်။

သို့ပါ၍ တနင်္သာရီမြို့နယ်ရှိ စာစစ်ဌာန(၃)ခုစလုံးတွင်  ဖြေဆိုရန်စာရင်းရှိ ကျား(၁၀၆)ဦး+ မ(၂၅၄)ဦး၊ ပေါင်း(၃၆၀)ဦးရှိသည့်အနက် ယနေ့တွင် လာရောက်ဆိုသူ ကျား(၉၃)ဦး+ မ(၂၂၃)ဦး၊ ပါင်း(၃၁၆)ဦးလာ ရောက်ဖြေဆိုကြရာ ဖြေဆိုမှုရာနှုန်းမှာ (၈၇.၇၈)ဖြစ်ပြီး၊  ဖြေဆိုရန်ပျက်ကွက်သူ ကျား(၁၃)ဦး+ မ(၃၁)ဦး ၊ ပေါင်း(၄၄)ဦးရှိသဖြင့် ပျက်ကွက်မှုရာနှုန်းမှာ(၁၂.၂၂)ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။

၎င်းတက္ကသိုလ်ဝင်စာမေးပွဲအား ကျောင်းသူ/ကျောင်းသားများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေး အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့များ၊ ပြည်သူ့စစ်အဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေး ရွာအုပ်ချုပ်ရေးအဖွဲ့များ၊ ကျောင်းအကျိုးဆောင်အဖွဲ့ဝင်များနှင့် ကျောင်းကော်မတီ အဖွဲ့များက စာစစ်ဌာနအလိုက် အပြင်စည်းမှလုံခြုံရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)