အိမ်မဲမြို့နယ်၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် မြန်မာစာဘာသာရပ်အေးချမ်းစွာ ဖြေဆို
Mar 31,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို စာစစ်ဌာန ၉ ခုဖြစ်သော အ.ထ.က-၁ တွင် ၃၃၀ ဦး၊ အ.ထ.က-၂ တွင် ၂၀၀ ဦး၊ အ.ထ.ကရွာသစ်တွင် ၁၆၀ ဦး၊ အ.ထ.က ကြို့ကုန်းတွင် ၂၀၆ ဦး၊ အ.ထ.က-တကူဆိပ်တွင် ၁၀၂ ဦး၊ အ.ထ.က-ဝါးတလုတ်ကမ်းနီတွင် ၈၆ ဦး၊ အ.ထ.က- လူကောင်းကျွန်းတွင် ၇၄ ဦး၊ အ.ထ.က-ကျုံတလုတ်တွင် ၃၁ ဦး၊ အ.ထ.က-ဘုရားကြီးကုန်းတွင် ၅၅ ဦး စသည့် စာစစ်ဌာန ၉ ခုတို့တွင် စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၁၂၄၄ ဦးတို့သည် မတ်လ ၃၁ ရက်နေ့ နံနက် ၉ နာရီက မြန်မာစာဘာသာရပ်ကို အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။