ဝန်ထမ်းများ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာတိုးပွားစေရန် ကွင်းဆင်းဆောင်ရွက်

မိုင်းကိုင် မတ်  ၃၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌  ရုံးဝန်ထမ်းများ အားလုံး  မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာများ တိုးပွားစေရန်အတွက် ယမန်နေ့ ညနေပိုင်းက မီးသတ်ဦးစီးဌာနမှ  အသိပညာပေးလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။ 

အဆိုပါကွင်းဆင်းမှုတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးမှူးဦးစိုင်းစံထွန်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များက  နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဦးနိုင်ဝင်းနှင့် ဝန်ထမ်းများအား တွေ့ဆုံ၍  မီးဘေးလုံခြုံရေးအတွက် ဆွေးနွေးခြင်း၊ ရုံးပတ်ဝန်းကျင်တွင်  မီးတားလမ်းဖောက်လုပ်ထားရှိမှုနှင့် မီးသတ်ဆေးဗူးထားရှိမှု အခြေ အနေများ စစ်ဆေးခြင်း၊ မီးသတ်ဆေးဗူး အသုံးပြု၍  လက်တွေ့သရုပ်ပြ မီးငြိမ်းသတ်ခြင်းများ ပြုလုပ်ကာ  ဝန်ထမ်းများ မီးဘေး အန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာတိုးပွားစေရန်  ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်