ဟိုပုံး မတ် ၃၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲစတင်ဖြေဆိုခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်းများတွင် မြန်မာစာဘာသာရပ်ကို စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် တာဝန်ရှိ သူများက ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား ကြည့်ရှုအားပေးခဲ့ပြီး ဌာနဆိုင်ရာများက နှာခေါင်းစည်း (Mask) အသစ်လဲလှယ်ပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြသည်။ ဟိုပုံးမြို့နယ်တွင် ဟိုပုံးမြို့နယ်တွင် တက္ကသိုလ်ဝင်စာစစ် ဌာနများအဖြစ် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၂) အခြေခံပညာအထက်တန်း ကျောင်း၊ ကျောက္ကချား အခြေခံပညာအထက်တန်းကျောင်း၊ ကျောက်တန်း အခြေခံပညာအထက်တန်းကျောင်း၊ နမ့်ခုတ် အခြေခံပညာအထက်တန်း ကျောင်းများအပါအဝင် စာစစ်ဌာန(၅)ခုဖွင့် လှစ်ထားရှိကြောင်းသိရသည်။
ဟိုပုံးမြို့နယ်အနေဖြင့် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း ကျောင်းသား၊ ကျောင်းသူစုစုပေါင်း စာရင်းရှိ (၅၈၈)ဦး၊ ဖြေဆို(၅၃၀)ဦး၊ ပျက်ကွက်(၂၈)ဦး၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ကျောင်းသား၊ ကျောင်းသူ စုစုပေါင်းစာရင်းရှိ (၂၀၆)ဦး၊ ဖြေဆို(၁၈၁)ဦး၊ ပျက်ကွက်(၂၅)ဦး၊ ကျောက္ကချား အခြေခံပညာအထက်တန်းကျောင်း ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၂၀)ဦး၊ ဖြေဆို (၁၈)ဦး၊ ပျက်ကွက်(၂)ဦး၊ ကျောက်တန်း အခြေခံပညာအထက် တန်းကျောင်း ကျောင်းသား၊ ကျောင်းသူ စုစုပေါင်းစာရင်းရှိ(၆၇)ဦး၊ ဖြေဆို(၆၃)ဦး၊ ပျက်ကွက်(၄)ဦး၊ နမ့်ခုတ် အခြေခံပညာအထက်တန်းကျောင်း ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း စာရင်းရှိ စုစုပေါင်းစာရင်းရှိ(၂၅)ဦး၊ ဖြေဆို(၂၂)ဦး၊ ပျက်ကွက်(၃)ဦး ရာခိုင်နှုန်းအားဖြင့် (၉၂ ဒဿမ ၉၂) ရာခိုင်နှုန်း ဖြေဆိုကြကြောင်းသိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)