ပေါင်းတည်မြို့နယ်၌၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား၊‌ ကျောင်းသူများ စတင်ဖြေဆို

ပေါင်းတည် မတ် ၃၁

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါင်းတည်မြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲအတွက် အ.ထ.က ပေါင်းတည်စာစစ်ဌာနနှင့် အ.ထ.က မြို့မစာစစ်ဌာနတို့တွင် စာမေးပွဲကို ယနေ့နံနက် ၉ နာရီအချိန်မှ စတင်၍ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ပေါင်းတည်မြို့နယ်တွင် စာစစ်ဌာန(၂)ခုရှိ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများက တက္ကသိုလ်ဝင်စာမေးပွဲကို မိမိတို့သက်ဆိုင်ရာကျောင်းများအလိုက် စိတ်အေးချမ်းစွာ ဖြေဆိုလျက်ရှိပြီး အ.ထ.ကပေါင်းတည်ကျောင်းတွင် အတွဲ(၁)တွင် ၁၃၀ဦး၊ အတွဲ(၂)တွင် ၁၂ဦးနှင့်အတွဲ(၇)တွင် ၄၅ဦးစုစုပေါင်း (၁၈၇)ဦးဖြေဆိုပြီး မြိုမ အ.ထ.ကကျောင်းတွင် အတွင်းအပြင်ဖြေဆိုသူ အတွဲ(၁) တွင် ၁၃၅ ဦး၊ အတွဲ(၂)တွင်၁၇ဦးနှင့် အတွဲ(၇)တွင် ၅၀ဦးစုစုပေါင်း (၂၀၂)ဦးရှိရာ စာစစ်ဌာန(၂)ခုတွင်ဖြေဆိုသူစုစုပေါင်း (၃၈၉)ဦးရှိ​ပြီး မြို့နယ် အတွင်းဖြေဆိုသူ ရာခိုင်နှုန်း၈၄.၅၇ဖြစ်ပြီး တစ်နေ့လျှင်(၁)ဘာသာနှုန်းဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ စာမေးပွဲဖြေဆိုရာတွင် ကျောင်းသားကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများ ၊ကြက်ခြေနီများ၊ ရပ်မိရပ်ဖများက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးထံမှ သိရသည်။

အေးအေးဆင့်(ပြန်/ဆက်)