ဘားအံ မတ် ၃၁
၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာနိုင်ငံ တစ်ဝှမ်း၌ မတ်လ (၃၁) ရက် နေ့တွင် စတင်ဖြေဆိုလျက်ရှိရာ ကရင်ပြည်နယ် ဘားအံမြို့နယ်မှ တက္ကသိုလ်ဝင် စာမေးပွဲ မြန်မာ စာဘာသာရပ်ကို ကျောင်းသား/ကျောင်းသူ (၁၉၀၅ ) ဦးမှ အေးချမ်းစွာ ဝင်ရောက်ဖြေဆိုလျက်ရှိ ကြောင်း သိရသည်။
တက္ကသိုလ်ဝင် စာမေးပွဲ စစ်ဆေးခြင်းကို မတ်လ (၃၁) ရက်နေ့မှ ဧပြီလ (၉) ရက်နေ့အထိ ဖြေဆို ကြရမည်ဖြစ်ပြီး ဘားအံမြို့နယ်တွင် အ-ထ-က (၁) ဘားအံ စာစစ်ဌာနတွင် ကျောင်းသား/ ကျောင်းသူ (၄၂၂) ဦး ၊ အ-ထ-က (၂) ဘားအံ စာစစ်ဌာန ကျောင်းသား/ကျောင်းသူ (၂၇၅) ဦး ၊ အ-ထ-က(၄) ဘားအံ စာစစ်ဌာန ကျောင်းသား/ကျောင်းသူ (၁၃၇) ဦး ၊အ-ထ-က တောင်ကလေး စာစစ်ဌာနတွင် ကျောင်းသား/ကျောင်းသူ (၂၉၂) ဦး၊ အ-ထ-က လှာကာ စာစစ်ဌာန တွင် ကျောင်းသား/ကျောင်းသူ (၃၃၇) ဦး၊ အ-ထ-က ထုံအိုင်း စာစစ်ဌာနတွင် ကျောင်းသား/ကျောင်းသူ (၉၉) ဦး၊ အ-ထ-က အိန္နု စာစစ်ဌာန တွင် ကျောင်းသား/ကျောင်းသူ (၁၅၃) ဦး ၊ အ-ထ-က ဇာသပြင် စာစစ်ဌာနတွင် ကျောင်းသား/ကျောင်းသူ (၁၉၀) ဦး စုစုပေါင်း (၁၉၀၅) ဦး ရာခိုင်နှုန်း အားဖြင့် ၉၂.၉၃% ဖြေဆိုကြကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရန် ပညာရေး ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ ဝင်များ၊ ကျန်းမာရေး ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့မိ၊ မြို့ဖများက ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)