မိုင်းယောင်းမြို့၌ တက္ကသိုလ်ဝင်စာမေးပွဲ(ပထမနေ့)တွင် ကျောင်းသား/ကျောင်းသူများ တည်ငြိမ်အေးချမ်းစွာ စတင်ဖြေဆို

မိုင်းယောင်း မတ် ၃၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့၌ ၂၀၂၂  ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲ(ပထမနေ့)တွင် ယနေ့နံနက် ၉ နာရီက မြန်မာစာဘာသာရပ်ဖြင့် စတင်ဖြေဆိုလျက်ရှိရာ  ကျောင်းသား/ကျောင်းသူများ တည်ငြိမ်အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရ သည်။

ကျောင်းသားကျောင်းသူများ တည်ငြိမ်အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးသက်ခိုင်၊ ရဲတပ်ဖွဲ့၊ ကျန်းမာရေး၊ ဌာနဆိုင်ရာများ၊  မီးသတ်တပ်ဖွဲ့နှင့် ရပ်ကွက်အလိုက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မိဘဆရာအသင်းနှင့် ကျောင်း ကော်မတီမှ တာဝန်ရှိသူများက ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

မိုင်းယောင်းမြို့၌ စာစစ်ဌာန အ.ထ.က(မိုင်းယောင်း)ကျောင်းအား တက္ကသိုလ်ဝင်စာမေးပွဲ (ပထမနေ့)တွင် ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူဦးရေများအနေဖြင့်  အတွင်းဖြေဆိုသူ ၉၂  ဦး၊ ပြင်ပဖြေဆိုသူ ၆၅ ဦး၊ စုစုပေါင်း ၁၅၇  ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

နန်းပန်(ပြန်/ဆက်)