သတင်းများ

ခင်ဦးမြို့တွင် ခရီးသွားများအား နိုင်ငံသားစိစစ်ရေးကတ် ကိုင်ဆောင်သွားလာရေး စစ်ဆေးခြင်း၊ အသိပညာပေးဆွေးနွေးခြင်းနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံ
Apr 05,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့တွင် ခရီးသွားများနှင့် ဈေးဝယ်သွားလာသည့် ပြည်သူများအား ခရီးသွားလာရာတွင် နိုင်ငံသားစိစစ်ရေးကတ်(မှတ်ပုံတင်) ကိုင်ဆောင် သွားလာရေး စစ်ဆေးခြင်း၊ အသိပညာပေး ဆွေးနွေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းတို့ကို ယနေ့ နံနက် ၈ နာရီက မြို့ဝင်ဂိတ်တွင် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ပိုင်ကျုံမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများ၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက်ကလေးငယ်များအား ထောက်ပံ့ငွေများပေးအပ်
Apr 05,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများ၌ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်၊ ပထမသုံးလပတ်အတွက် ကိုယ်ဝန်ဆောင်မိခင်များနှင့်၎င်းတို့မှ မွေးဖွားလာသော အသက်(၂) နှစ်အောက် ကလေးငယ်များအား ယမန်နေ့က လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ပြုလုပ်
Apr 05,2022
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့်  နံရံကပ်စာစောင်ပြပွဲကို ဘားအံခရိုင်  လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
နိုင်ငံသား ကိုယ်ရေးမှတ်တမ်း အချက်အလက်များ နိုင်(၄)မှတ်တမ်းအား ကွန်ပျူတာဖြင့် Software Program စာရင်းရေးသွင်းခြင်း သင်တန်းပို့ချ
Apr 05,2022
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် သုံးခွမြို့နယ် လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား၀န်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ၀န်ထမ်းများက နိုင်ငံသားကိုယ်ရေးမှတ်တမ်း အချက်အလက်များ နိုင်(၄)မှတ်တမ်းအား  ကွန်ပျူတာဖြင့် Software Program စာရင်းရေးသွင်းခြင်း သင်တန်းပို့ချခြင်းကို ယမန်‌နေ့နံနက် ၁၁ နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ရေးဦးစီးဌာနရုံး၌ ပြုလုပ်ကြောင်း သိရသည်။
ကော့ကရိတ်မြို့နယ်အတွင်းရှိ တစ်နိုင်တစ်ပိုင် ပြောင်းစိုက်တောင်သူများအနေဖြင့် ယခုနှစ်တွင် ဈေးကောင်းရရှိရန် မျှော်လင့်နေ
Apr 05,2022
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ တစ်နိုင်တစ်ပိုင် ပြောင်းစိုက်တောင်သူများအနေဖြင့် ယခုနှစ်တွင် အပူရှိန်ပြင်းသဖြင့် ယခင်နှစ်များထက် ရေပိုသွင်းရခြင်း၊ ထွန်ယက်ခြင်းနှင့် ပိုးသတ်ဆေးများ ပက်ဖျန်းပေးရပြီး ကုန်ကျ စရိတ်များသည့်အတွက် ဈေးကောင်းရရှိရန်မျှော်လင့်လျက်ရှိကြောင်း ရေကျော်ကြီးကျေးရွာရှိ တစ်နိုင်တစ်ပိုင် ပြောင်းစိုက် တောင်သူများထံမှ သိရသည်။
ကျောက်တံခါးမြို့နယ်၌ ၂၀၂၂-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ရူပဗေဒဘာသာရပ် ဖြေဆို
Apr 05,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်အတွင်းရှိ စာစစ်ဌာနအသီးသီး၌ ၂၀၂၂-ခုနှစ်၊တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့နံနက် (၉)နာရီအချိန်က ရူပဗေဒဘာသာရပ်ကို  ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ကျိုက်မရောမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒဘာသာရပ် ဖြေဆိုမှုရာခိုင်နှုန်း ၉၄.၈၄ရာခိုင်နှုန်းရှိ
Apr 05,2022
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ၂၀၂၁-၂၀၂၂ခု နှစ်ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒဘာသာရပ်ကို ယနေ့နံနက် ၉နာရီကစ၍ ကျောင်းသား၊ ကျောင်းသူ (၆၀၆)ဦးတို့က တည်ငြိမ်အေးချမ်းစွာဖြေဆိုလျက်ရှိသည်။
မှုးယစ်ဆေးဝါး အသိပညာပေး နံရံကပ်စာစောင်များအား လူထုအခြေပြုဗဟိုဌာန ကော့မှူး၌ ပြသ
Apr 05,2022
မှုးယစ်ဆေးဝါးတိုက်ဖျက်ရေး အသိပညာပေး နံရံစာစောင်များပြသခြင်းကို ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပုဗဟိုဌာန Community Centre ခန်းမ၌ ယ‌နေ့ နံနက် ၁၀ နာရီ က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များ နှင့်အညီ ပြသဆောင်ရွက်ခဲ့ ကြောင်းသိရသည်။