ဘားအံ ဧပြီ ၅
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခက် ခက်လွင်က အိုဇုန်းလွှာ၏အရေးပါမှုအခြေအနေ၊ ကမ္ဘာ့လေထုအလွှာများ၊ အိုဇုန်းမော်လီကျူး ဖြစ်ပေါ်လာပုံ၊ အိုဇုန်းလွှာပျက်စီးစေသော ဓာတုပစ္စည်းများအစား အစားထိုးသုံးစွဲမည့် ဓာတု ပစ္စည်းများ၊ လေထုထဲတွင်မှန်လုံအိမ်အာနိသင်ဓာတ်ငွေများ များပြားလာသောကြောင့် ကမ္ဘာကြီးပူနွေးလာပုံ၊ ကမ္ဘာကြီးပူနွေးလာမှုကြောင့် ရာသီဥတုပြောင်းလဲပုံ၊ ရာသီဥတု ပြောင်းလဲခြင်းအကျိုးသက်ရောက်မှုများ၊ စိုက်ပျိုးသီးနှံများပျက်စီးခြင်း၊ ရေရရှိမှုခက်ခဲခြင်း၊ သစ်တောပြုန်းတီးခြင်းနှင့်ဇီဝမျိုးတုန်း ပျောက်ကွယ်ခြင်း၊ သဘာဝဘေးအန္တရာယ်များ အကြောင်းနှင့် သက်ဆိုင်သည့် သိမှတ်ဖွယ်ရာအကြောင်းအရာများကို အသိပညာပေးဟောပြောပြီး ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နံရံကပ်စာစောင် များကို ခင်းကျင်းပြသထားရှိရာ နွေရာသီအခြေခံပန်းချီပညာသင်တန်း တက်ရောက်နေသော ကျောင်းသား/သူများက လာရောက်လေ့လာမှတ်သားကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)