သတင်းများ

လယ်ဝေးမြို့နယ်အတွင်းရှိ စာစစ်ဌာနများတွင် တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူ ၉၂ ဒသမ ၇၉ရာခိုင်နှုန်းဖြေဆို
Apr 05,2022
ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်အတွင်းရှိ စာစစ်ဌာနများတွင် တက္ကသိုလ် ဝင်စာမေးပွဲ ပဉ္စမနေ့အဖြစ် ရူပဗေဒဘာသာရပ်ကို ကျောင်းသား၊ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ဥတ္တရသီရိမြို့နယ်၌တက္ကသိုလ်ဝင်တန်းစာမေးပွဲ  ရူပဗေဓ ဘာသာရပ် ဆက်လက်ဖြေဆို
Apr 05,2022
ပြည်ထောင်စုနယ်မြေ၊နေပြည်တော် ဥတ္တရသီရိမြို့နယ်တွင် ၂၀၂၁-၂၀၂၂ခုနှစ်  တက္ကသိုလ်ဝင် တန်းစာမေးပွဲ ပဥ္စမနေ့ ရူပဗေဒဘာသာရပ်ကို ယနေ့နံနက် ၉ နာရီက စတင်ဖြေဆိုကျင်းပရာ ကျောင်းသား ၊ ကျောင်းသူများ လာရောက်ဖြေဆိုခဲ့ကြသည်။
ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကင်းစင်ရေးအတွက် ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီးစီးကြောင်း ကတ်ပြားရှိမရှိစစ်ဆေး
Apr 05,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကင်းစင်ရေးအတွက် ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီးစီးကြောင်း ကတ်ပြားရှိမရှိ စစ်ဆေးခြင်းကို ယနေ့နံနက် ၇.၀၀ နာရီအချိန်က ပန်းတောင်းမြို့မစျေးတွင် စစ်ဆေးခဲ့ကြောင်း သိရသည်။
တောင်တွင်းကြီးမြို့နယ်၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒဘာသာရပ် ကျောင်းသားကျောင်းသူ ၁၃၆၈ ဦး ဝင်ရောက်ဖြေဆိုပြီးစီး
Apr 05,2022
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပဉ္စမနေ့ ရူပဗေဒဘာသာရပ်ကိုဧပြီ ၅ ရက်၊ ယနေ့ နံနက် ၉ နာရီက အခြေခံပညာ စာစစ်ဌာန(၄)ခုတွင် ဆက်လက်ဖြေဆိုကျင်းပရာ ကျောင်းသား ကျောင်းသူ ၁၃၆၈ ဦး ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။
တပ်ကုန်းမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ရူပဗေဒစာဘာသာရပ်ဖြေဆို
Apr 05,2022
၂၀၂၂-ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ရူပဗေဒစာဘာသာရပ်ကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်အတွင်းရှိ စာစစ်ဌာန (၉) ခုတွင် ယနေ့နံနက် (၉) နာရီပိုင်းက ကျောင်းသား/ကျောင်းသူများ ဖြေဆိုခဲ့ကြသည်။
ပန်း​တောင်းမြို့နယ်တွင် Mask Campaign နှင့် ကိုဗစ်ကာကွယ် ဆေးထိုးနှံပြီးစီးကြောင်း ကတ်ပြားပါ/မပါစစ်ဆေး
Apr 05,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးရှေ့တွင် ယနေ့နံနက် (၉.၀၀)နာရီ အချိန်ကပြုလုပ်ခဲ့ကြောင်း သိရသည်။
ထန်းတပင်မြို့နယ်တွင် အခြေခံမဲဆန္ဒရှင်စာရင်းများ မှန်ကန်ရေးအတွက် ရပ်/ကျေး လူဦးရေစာရင်းနှင့် မြေပြင်တိုက်ဆိုင်စစ်ဆေးခြင်းများ ဆောင်ရွက်
Apr 05,2022
ပဲခူးတိုင်း​ဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တွင် အခြေခံမဲဆန္ဒရှင်စာရင်းများ မှန်ကန်ရေးအတွက် ရပ်/ကျေး မြေပြင်လူဦးရေစာရင်းနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးရှိ လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်းများကို ယနေ့နံနက်ပိုင်းမှစတင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၀န်း သီရိမင်္ဂလာခန်းမတွင် စစ်ဆေးလျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမြင့်နှင့် အဖွဲ့၀င်များ သွားရောက်ကြည့်ရှူခဲ့ကြောင်း သိရသည်။
ကျောက်ပန်းတောင်းမြို့နယ် ပြန်/ဆက်ဦးစီးဌာနနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့ပူးပေါင်း၍ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP) အကြောင်း အသိပညာပေးဆွေးနွေး
Apr 05,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့ပူးပေါင်း၍ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP) အကြောင်း အသိပညာပေးဆွေးနွေးပွဲကို၊ ယနေ့ နံနက် (၁၀:၃၀) နာရီက မြို့နယ်ပြန်/ဆက်ရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။