ကံမမြို့နယ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ရူပဗေဒသာသာရပ်ဖြေဆို
Apr 05,2022
မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ် ဝင်တန်းစာမေးပွဲ ရူပဗေဒဘာသာရပ်အား စာစစ်ဌာန(၃)ခုတို့၌ ယနေ့နံနက် ၉ နာရီက ကျောင်းသား၊ ကျောင်းသူ ၂၈၆ ဦး အေးချမ်းစွာ ဖြေဆိုလျက်ရှိပြီး ဖြေဆိုမှုရာခိုင်နှုန်း (၉၁.၀၈) ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။