ကျောက်တံခါးမြို့နယ်၌ ၂၀၂၂-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ရူပဗေဒဘာသာရပ် ဖြေဆို

ကျောက်တံခါး ဧပြီ ၅

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်အတွင်းရှိ စာစစ်ဌာနအသီးသီး၌ ၂၀၂၂-ခုနှစ်၊တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့နံနက် (၉)နာရီအချိန်က ရူပဗေဒဘာသာရပ်ကို  ဖြေဆိုလျက်ရှိကြောင်း သိရသည်။

အဆိုပါစာမေးပွဲဖြေဆိုခြင်းကို ကျောက်တံခါးမြို့နယ်အတွင်းရှိ စာစစ်ဌာနပေါင်း(၅)ခု ဖွင့်လှစ်ထားရှိပြီး ယနေ့ ရူပဗေဒဘာသာရပ်ဖြေဆိုရန် စာရင်းသွင်းထားသူ ကျောင်းသား ကျောင်းသူပေါင်း (၁၂၂၉)ဦးရှိပြီး ယနေ့ ဖြေဆိုသူ(၁၁၀၂)ဦး၊ ပျက်ကွက်သူ(၁၂၇)ဦး ရှိကြောင်းနှင့် ဖြေဆိုမှုရာခိုင်နှုန်း(၈၉.၆၇%)ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

စန်းစန်း(ပြန်/ဆက်)