သတင်းများ

စစ်ကိုင်းခရိုင် ပြန်/ဆက် ဦးစီးဌာနတွင် “ ရှေးဦးသူနာ ပြုစုနည်း” ခေါင်းစဉ်ဖြင့် Talk Show ကျင်းပ
Apr 06,2022
စစ်ကိုင်းခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့စုတို့ ပူးပေါင်း၍ “ရှေးဦးသူနာပြုစုနည်း” ခေါင်းစဉ်ဖြင့် Talk Show ကျင်းပဆောင်ရွက်ခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဘီးလင်းမြို့နယ် အလူးလေးကျေးရွာ၌ ရပ်ရွာအ​ခြေပြု အဆင့်​​မြှင့်စက်ချုပ် သင်တန်းဆင်းပွဲကျင်းပ
Apr 06,2022
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ မွန်ပြည်နယ်လူမှုဝန်ထမ်းရုံး ကြီးကြပ်မှုအောက်ရှိ မော်လမြိုင် အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်ကျောင်းမှ ဖေဖော်ဝါရီ ၃ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့သော ရပ်ရွာအခြပြု အ​ဆင့်မြှင့် စက်ချုပ်သင်တန်းဆင်းပွဲကို ယမန်နေ့ နံနက်ပိုင်းက အလူးလေးကျေးရွာ သုခကာရီဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။
ဝါးခယ်မမြို့နယ်၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာ‌မေးပွဲ ဇီဝဗေဒ/ဘောဂဗေဒဘာသာရပ်ကို အေးချမ်းစွာ ဆက်လက်ဖြေဆို
Apr 06,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာ‌မေးပွဲ ဇီဝဗေဒ ဘာသာရပ်နှင့်‌ ဘောဂ‌ဗေဒဘာသာရပ်ကို ယနေ့နံနက် ၉ နာရီအချိန်တွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
မြေဆီလွှာအာဟာရအတွက် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)မျိုးစေ့ ထည့်သွင်းကြဲပက်
Apr 06,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြေဆီလွှာအာဟာရအတွက် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)မျိုးစေ့ ထည့်သွင်းကြဲပက်ခြင်းကို ယမန်နေ့က ငါးကြီးဂရက်ကျေးရွာအုပ်စု၊ ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာ လယ်ဧက (၅၀) ပေါ်တွင် ထည့်သွင်းကြဲပက်သည်။
စဉ့်ကိုင်မြို့နယ်တွင် ကိုဗစ်-၁၉ဗီဇပြောင်းမျိုးကွဲအိုမီခရွန်ကြိုတင် ကာကွယ်ရေး အသိပညာပေးနှိုးဆော်
Apr 06,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် အတွင်း  ကိုဗစ်-၁၉ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်ကြိုတင်ကာကွယ်ရေး  အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းများကို ယနေ့ နံနက် ၉ နာရီ   ကသင်္ဂတုံ ကျေးရွာအတွင်းရှိ  လမ်းဆုံနေရာများတွင်    မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ၀န်ထမ်းများ၊  ကျန်းမာရေး၀န်ထမ်းများ၊  ကျေးရွာအုပ်ချုပ်ရေးအဖွဲ့၀င်များနှင့်  ပရဟိတ အဖွဲ့၀င်များကHand Speaker ဖြင့်လှည့်လည် နှိုးဆော်ခြင်းများ  ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ပိုင်ကျုံမြို့အမှတ်(၂)ရပ်ကွက်၊လမ်း‌မကြီးပေါ်တွင် Flower Box များ တည်‌ဆောက်ခြင်းလုပ်ငန်း ရာနှုန်ပြည့်ပြီးစီး
Apr 06,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ စည်ပင်သာယာရေးအဖွဲ့မှအများပြည်သူများ သွားလာ မှုလွယ်ကူစေရေး၊ ကုန်စည်စီးဆင်းမှုမြန်ဆန်‌စေရေနှင့်၊ ဒေသ‌နေပြည်သူများသွားလာမှု အဆင်‌ပြေစေရေးအတွက် ဒေသဖွံ့ဖြိုးရေးအတွက် လမ်းများ၊ တံတားများဆောင်ရွက်ပေးသည့်အပြင် မြို့သာယာလှပရေးအတွက် Flower Boxများ ကိုလည်းတည်ဆောက်ပေးလျက်ရှိကြောင်း သိရသည်။
မိုးကုတ် မြို့နယ်၌ ပြည်သူများအား နိုင်ငံသားကတ်(မှတ်ပုံတင်) ပါ/မပါစစ်ဆေး
Apr 06,2022
မိုးကုတ်မြို့ တွင် ယမန်နေ့ နေ့လည်(၂ )နာရီအချိန်က အထက( ၁) ကျောင်းရှေ့ လမ်းဆုံနေရာ တွင် ခရီးသွားပြည်သူများအားလုံး နိုင်ငံသားကတ်(မှတ်ပုံတင်) ပါ/မပါ စတင်စစ်ဆေးလျက်ရှိ ကြောင်း သိရသည်။