ပိုင်ကျုံ ဧပြီ ၅
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများ၌ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်၊ ပထမသုံးလပတ်အတွက် ကိုယ်ဝန်ဆောင်မိခင်များနှင့်၎င်းတို့မှ မွေးဖွားလာသော အသက်(၂) နှစ်အောက် ကလေးငယ်များအား ယမန်နေ့က လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ထောက်ပံ့ငွေများပေးအပ်ခြင်းလုပ်ငန်းတွင် သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက်ကလေးငယ်များထံ လက်ဝယ်အရောက်ပေးအပ်လျက်ရှိရာ နောင်ခွီးကျေးရွာအုပ် လူဦးရေ(၂၀၀)ဦးအတွက် ငွေကျပ် (၈၅၈၀၀၀၀/-)၊နောင်ဘိုကြီးကျေး ရွာအုပ်စုတွင် လူဦးရေ(၁၆၃)ဦးအတွက် ငွေကျပ်(၆၉၀၀၀၀၀/-)နှင့် မဲပရကျေးရွာအုပ်စု(၁၉၅)ဦးအတွက် ငွေကျပ်(၈၃၂၅၀၀၀/-)စုစုပေါင်းငွေကျပ်(၂၃၈၀၅၀၀၀/-)ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ပိုင်ကျုံမြို့တွင် ရပ်ကွက်(၅)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၂၇)အုပ်စုအတွင်းရှိ ကိုယ်ဝန်ဆောင် မိခင်များနှင့် အသက်(၂)နှစ်အောက်ကလေးငယ်များ စုစုပေါင်း (၃၇၅၈)ဦးတို့အတွက် (အောက်တို ဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလ) ပထမသုံးလပတ်တွင် စုစုပေါင်းထောက်ပံ့ငွေကျပ် (၁၅၇၂၇၅၀၀၀/-)ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
နော်ခူး(ပြန်/ဆက်)