အိမ်မဲမြို့နယ်၌ ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ရူပဗေဒ ဘာသာရပ်ကို ကျောင်းသား/သူ ၃၅၅ ဦး ဝင်ရောက်ဖြေဆို
Apr 05,2022
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့နယ်တွင် ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို စာစစ်ဌာန ၈ ခုဖြစ်သော အ.ထ.က-၁ တွင်၇၅ ဦး၊ အ.ထ.က-၂ တွင် ၅၉ ဦး၊ အ.ထ.ကရွာသစ်တွင် ၆၂ ဦး၊ အ.ထ.က ကြို့ကုန်းတွင် ၆၃ ဦး၊ အ.ထ.က-တကူဆိပ်တွင် ၁၃ဦး၊ အ.ထ.က-ဝါးတလုတ်ကမ်းနီတွင် ၃၀ ဦး၊ အ.ထ.က- လူကောင်းကျွန်းတွင် ၃၃ ဦး၊ အ.ထ.က-ဘုရားကြီးကုန်းတွင် ၂၀ ဦး စသည့် စာစစ်ဌာန ၈ ခုတို့တွင် စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၃၅၅ဦး တို့သည် ယနေ့နံနက် ၉ နာရီက ရူပဗေဒဘာသာရပ်ကို အေးချမ်းစွာ ဖြေဆိုလျက် ရှိကြောင်းသိရသည်။