ကော့မှူး ဧပြီ ၅
မှုးယစ်ဆေးဝါးတိုက်ဖျက်ရေး အသိပညာပေး နံရံစာစောင်များပြသခြင်းကို ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပုဗဟိုဌာန Community Centre ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များ နှင့်အညီ ပြသဆောင်ရွက်ခဲ့ ကြောင်းသိရသည်။
အဆိုပါ အသိပညာပေး နံရံကပ်ပြဘုတ်တွင် မှုးယစ်ဆေးဝါး သုံးစွဲမှုကြောင့်ဖြစ်ပေါ်စေ နိုင်သောလူမှုရေး၊ စီးပွားရေးထိခိုက်မှုများ၊မှုးယစ်ဆေးဝါး၏ ၏ဆိုးကျိုးများ၊ မှုးယစ်ဆေးဝါးသုံးစွဲမှုကြောင့် နောက်ဆက်တွဲဖြစ်ပွားသောရောဂါများ၊ မှုးယစ်ဆေးဝါး သုံးစွဲခြင်း ဆိုင်ရာပြစ်မှု၊ ပြစ်ဒဏ်များအား ပြသဆောင်ရွက်ထားရာ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများ စိတ်ပါဝင်စားစွာ လာရောက်ကြည့်ရူ့လေ့လာ နေကြကြောင်းသိရသည်။
ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် မျိုးဆက်သစ်လူငယ် ကျောင်းသူ/ ကျောင်းသားများနှင့် ဒေသခံပြည်သူများအား ခြိမ်းခြောက်နေသော မှုးယစ်ဆေးဝါး၏ ဆိုးကျိုးအန္တရာယ်ကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် နေ့စဉ်ပြသဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
ကျော်သူရ ကော့မှူး