ကျိုက်မရောမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒဘာသာရပ် ဖြေဆိုမှုရာခိုင်နှုန်း ၉၄.၈၄ရာခိုင်နှုန်းရှိ

ကျိုက်မရော ဧပြီ ၅

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ၂၀၂၁-၂၀၂၂ခု နှစ်ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒဘာသာရပ်ကို ယနေ့နံနက် ၉နာရီကစ၍ ကျောင်းသား၊ ကျောင်းသူ (၆၀၆)ဦးတို့က တည်ငြိမ်အေးချမ်းစွာဖြေဆိုလျက်ရှိသည်။

ကျိုက်မရောတွင် တက္ကသိုလ်ဝင်တန်းစာစစ်ဌာန (၃)ခုထားရှိပြီး အဆိုပါစာစစ်ဌာနများတွင် ကျောင်းသား၊ ကျောင်းသူများ လုံခြုံအေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များ နှင့် ဌာနဆိုင်ရာများမှ ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိပြီး ရူပဗေဒဘာသာရပ် ဖြေဆိုချိန်ထိ ကျောင်းသား၊ ကျောင်းသူ (၆၀၆)ဦးရှိပြီး ဖြေဆိုရန်ပျက်ကွက်သူ (၃၃)ဦးရှိသဖြင့် ဖြေဆိုမှု ရာခိုင်နှုန်းမှာ ၉၄.၈၄ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ချိုမြတ်မြတ်ထွေး(ကျိုက်မရော)