သတင်းများ

နောင်တရားမြို့၌ ငါးနှစ်အောက်ကလေးများ ပုံမှန်ကာကွယ်ဆေးထိုးနှံပေး
Apr 05,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့၊ ကျေးလက်ကျန်းမာရေးဌာန ၌ ကျန်းမာရေးဝန်ထမ်းများက ငါးနှစ်အောက်ကလေးငယ်များကို ယနေ့နံနက်ပိုင်းတွင် ပုံမှန်ကာကွယ်ဆေးထိုးနှံ ပေးလျက်ရှိ ကြောင်း သိရသည်။
အမာမြို့တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပဉ္စမနေ့ (ရူပဗေဒ)ဘာသာရပ်အား ဆက်လက်ဖြေဆို
Apr 05,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ အထက(အမာစာစစ်ဌာန)တွင် ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ပဉ္စမနေ့အဖြစ် ရူပဗေဒဘာသာရပ်အား ယနေ့နံနက်(၉)နာရီမှ စတင်၍ အေးချမ်းစွာဖြင့် ဆက်လက် ဖြေဆိုလျက်ရှိသည်။
ငါန်းဇွန်မြို့နယ်တွင် အသက်(၁၈)နှစ်ပြည့်ပြီးသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေး
Apr 05,2022
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်တွင် အသက်(၁၈)နှစ်ပြည့်ပြီးသူများအားလုံးကို ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်ကာကွယ်ဆေးထိုး ကွင်းဆင်းအဖွဲ့များက မြို့နယ်အတွင်း ဇုံနယ်မြေအလိုက် ကျေးရွာများအရောက် ကွင်းဆင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး နဝမအသုတ် ပထမအကြိမ် ထိုးနှံပေးလျက်ရှိ ကြောင်း သိရသည်။
ပန်းတောင်းမြို့နယ် ဥသျှစ်ပင်တွင် ကိုဗစ်ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေး
Apr 05,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ဥသျှစ်ပင်မြို့ ရွှေပင်ရပ်ကွက်အုပ်ချုပ်ရေးရုံးနှင့် လဲရွှာတို့တွင် ကိုဗစ် ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပေးခြင်းကို ယမန်နေ့နံက်ပိုင်းက ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ဝါးခယ်မမြို့နယ်၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာ‌မေးပွဲ ရူပဗေဒဘာသာရပ် ဆက်လက်ဖြေဆို
Apr 05,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာ‌မေးပွဲ ရူပဗေဒ ဘာသာရပ်ကို ယနေ့နံနက် ၉ နာရီအချိန်တွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ရွှေတောင်မြို့နယ် Community Centre ခန်းမတွင် အေရိုးဗစ်သင်တန်းဖွင့်လှစ်
Apr 05,2022
နွေရာသီအားလပ်ရက်များတွင် ကျောင်းသားကျောင်းသူများ အားကစားကို ပိုမိုစိတ်ပါဝင်စားလာစေရန်၊ မျိုးဆက်သစ် အားကစားလူငယ်များ စဉ်ဆက်မပြတ် ပေါ်ထွန်းလာစေရန်နှင့် အချင်းချင်းပူးပေါင်း ဆောင်ရွက်တတ်လာစေရန် ရည်ရွယ်၍ ​မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ နွေရာသီအေရိုးဗစ် အားကစားသင်တန်းကို ယမန်နေ့ ညနေပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် အခမဲ့ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။
ဟားခါးမြို့၌ ပြည်သူ ၄၇ ဦးအား Test Kit ဖြင့် စစ်ဆေးရာ တစ်ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိ
Apr 05,2022
ဟားခါးမြို့၌ ယမန်နေ့တွင် ပြည်သူ ၅၄ ဦးအား Test Kit ဖြင့် စစ်ဆေးရာ ၄ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိကြောင်း သိရသည်။
ကျိုက်လတ်မြို့နယ်၌ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေး
Apr 05,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန် ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ် ၃ နာရီ ခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေဝါလတ်ခန်းမ၌ ကျင်းပခဲ့သည်။