သတင်းများ

တောင်တွင်းကြီးမြို့နယ်၌ ဒေသခံပြည်သူများ ကိုဗစ်-၁၉ရောဂါ ကင်းဝေးစေရန် ဒုတိယအကြိမ် ကာကွယ်ဆေး စတင်ထိုးနှံပေး
Apr 06,2022
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသည့် ဒေသခံပြည်သူ(၄၅၇၈)ဦးတို့ကို ယနေ့နံနက်ပိုင်းက သာသနဗိမာန်ဆေးထိုးစုရပ်တွင် ကျန်းမာရေး ဝန်ထမ်းများက သတ်မှတ်စည်းကမ်းချက်များနှင့်အညီ စနစ်တကျ ထိုးနှံ ဆောင်ရွက်ပေး လျက်ရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးမှ သိရသည်။
လောင်းလုံးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို မိုဘိုင်းစနစ်ဖြင့် ရပ်ကွက်/ ကျေးရွာများ အရောက်ကွင်းဆင်း ထိုးနှံပေး
Apr 06,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် အကြောင်းအမျိုးမျိုးကြောင့် ကိုဗစ် ရောဂါကာကွယ်ဆေးထိုးရန် ကျန်ရှိနေသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် (၈) နာရီခွဲ အချိန်တွင် လောင်းလုံးမြို့နယ် (ဂ) ရပ်ကွက်တွင်  မိုဘိုင်း စနစ်ဖြင့်ကွင်းဆင်း၍ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
စလင်းမြို့နယ်၌ ခရီးသွားပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်(မှတ်ပုံတင်) စစ်ဆေးခြင်းနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း ကတ်ပြားများ စစ်ဆေးဆောင်ရွက်
Apr 06,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် မြို့မရဲစခန်းရှေ့ စစ်ဆေးရေးဂိတ်တွင် ယမန်နေ့ နံနက်ပိုင်းက ခရီးသွားပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ် (မှတ်ပုံတင်) စစ်ဆေးခြင်းနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးကတ်ပြားများ စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်းသိရသည်။
ဟိုင်းကြီးကျွန်းမြို့အဝင် တံတားစစ်ဆေးရေးဂိတ်၌ နိုင်ငံသားစိစစ်ရေးကဒ်ပြားများ စစ်ဆေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံထားခြင်း ရှိ/ မရှိ စစ်ဆေးခြင်းဆောင်ရွက်
Apr 06,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့အဝင် တံတားစစ်ဆေးရေးဂိတ်၌ ခရီးသွားပြည်သူများ နိုင်ငံသားစိစစ်ဆေးကဒ်ပြား ကိုင်ဆောင်သွားလာခြင်း ရှိ/ မရှိ နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံထားခြင်း ရှိ/မရှိ စစ်ဆေးခြင်းကို ယနေ့နံနက် ၈ နာရီအချိန်တွင် မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ထွန်း ဦးဆောင်သော မြို့အဆင့် ဌာနဆိုင်ရာများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သီပေါမြို့နယ်တွင် လျှပ်စစ်ဓာတ်အား ချွေတာသုံးစွဲရေးနည်းလမ်းများ အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ပြုလုပ်ဆောင်ရွက်
Apr 06,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လူထုအခြေပြု ဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့နံနက်၉ နာရီက လျှပ်စစ်ဓာတ်အား ချွေတာသုံးစွဲရေးနည်းလမ်းများ အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဆဌမမြောက်နေ့တွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဆက်လက်ဖြေဆို
Apr 06,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဆဌမမြောက်နေ့ ဇီဝဗေဒနှင့် ဘောဂဗေဒဘာသာရပ်များကို ယနေ့ နံနက်ပိုင်း (၉)နာရီက မြို့နယ်အတွင်းရှိ စာစစ်ဌာန (၃)ခု၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဝင်ရောက်ဖြေဆိုလျက်ကြောင်း သိရသည်။
လောင်းလုံးမြို့နယ်တွင် တတိယအကြိမ်၊ မီးဘေးလုံခြုံရေး အသိပညာပေးလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေခြင်းနှင့် (191) စတေကာများကပ်နှိပ်ခြင်းများပြုလုပ်ဆောင်ရွက်
Apr 06,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ယနေ့နံနက်(၈)နာရီအချိန်က မြို့မစျေးနှင့် မြို့ပေါ်ရပ်ကွက်အတွင်းရှိ စျေးဆိုင်များတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယဦးစီးမှူး ဦးမျိုးဇော်ဦး ဦးဆောင်မှုဖြင့် မီးဘေးလုံခြုံရေး အသိပညာပေးလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေခြင်းနှင့် (191) စတေကာများကပ်နှိပ်ခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကရသူရိမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Phase-8) ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး
Apr 06,2022
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိနေသည့် ပြည်သူများအား ကာကွယ်ဆေး(Phase-8) ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးခြင်းကို ယမန်နေ့က မြို့ပြည်သူ့ဆေးရုံး၌ ထိုးနှံပေးခဲ့ကြောင်းသိရသည်။