ဟိုင်းကြီးကျွန်း ဧပြီ ၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့အဝင် တံတားစစ်ဆေးရေးဂိတ်၌ ခရီးသွားပြည်သူများ နိုင်ငံသားစိစစ်ဆေးကဒ်ပြား ကိုင်ဆောင်သွားလာခြင်း ရှိ/ မရှိ နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံထားခြင်း ရှိ/မရှိ စစ်ဆေးခြင်းကို ယနေ့နံနက် ၈ နာရီအချိန်တွင် မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ထွန်း ဦးဆောင်သော မြို့အဆင့် ဌာနဆိုင်ရာများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့သို့ဆောင်ရွက်ရာတွင် ခရီးသွားပြည်သူများအနေဖြင့် ၂၀၂၂ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့မှစ၍ ခရီးသွားလာရာတွင် နိုင်ငံသားစိစစ်ဆေးရေးကတ်ပြားကို ယူဆောင်သွားလာကြရမည်ဖြစ်ကြောင်း အသိပေးကြေငြာထားပြီး ဖြစ်သည့်အတွက် နိုင်ငံသားစိစစ်ရေးကဒ်ပြား ကိုင်ဆောင်သွားလာခြင်း ရှိ/ မရှိ ကိုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထို့နောက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံထားခြင်း ရှိ/ မရှိ ကို ကာကွယ်ဆေးထိုးနှံပြီးစီးကြောင်း ကဒ်ပြားများနှင့် တိုက်ဆိုင်စစ်ဆေးခဲ့ပြီး ကာကွယ်ဆေးမထိုးနှံရသေးပါက စာရင်းပြုစု၍ ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။
လှိုင်မျိုးအောင် (ပြန်/ဆက်)