ကရသူရိမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Phase-8) ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး

ကရသူရိ ဧပြီ ၆

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိနေသည့် ပြည်သူများအား ကာကွယ်ဆေး(Phase-8) ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးခြင်းကို ယမန်နေ့က မြို့ပြည်သူ့ဆေးရုံး၌ ထိုးနှံပေးခဲ့ကြောင်းသိရသည်။

ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့တိုက်နယ်တာဝန်ခံဆရာဝန် ဒေါက်တာကျော်လင်းထွန်းနှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်/စာရေးတို့ပူးပေါင်းပါဝင်ပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများ၊ ပထမအကြိမ် ထိုးနှံထားပြီး ဒုတိယအကြိမ် ဆက်လက်ထိုးနှံရန် ကျန်ရှိနေသူများကို ကာကွယ် ဆေးပြီးစီးအောင်ထိုးနှံနိုင်ရေး ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါထိုးနှံပေးရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနည်းလမ်းများနှင့်အညီ လူဦးရေ(၁၁၄)ဦးအား ထိုးနှံပေးခဲ့ကြောင်းသိရသည်။

ကရသူရိ(ပြန်/ဆက်)