လောင်းလုံး ဧပြီ ၆
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် အကြောင်းအမျိုးမျိုးကြောင့် ကိုဗစ် ရောဂါကာကွယ်ဆေးထိုးရန် ကျန်ရှိနေသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် (၈) နာရီခွဲ အချိန်တွင် လောင်းလုံးမြို့နယ် (ဂ) ရပ်ကွက်တွင် မိုဘိုင်း စနစ်ဖြင့်ကွင်းဆင်း၍ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် ကျန်းမာရေးဌာနမှ ဝန်ထမ်းများမှ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
လောင်းလုံးမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်စေရန်အတွက် ရောဂါကာကွယ် ဆေးထိုးနှံပေးလျက်ရှိရာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မြို့နယ်အတွင်း လွှမ်းခြုံနိုင်စေရန် ရည်ရွယ်၍ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများ၌ ဆေးထိုးစုရပ်များအလိုက် သတ်မှတ်ရက်များတွင် ရပ်ကွက်/ ကျေးရွာများအရောက် မိုဘိုင်းစနစ်ဖြင့် ဝန်ဆောင်မှုပေးခြင်းဖြစ်ကြောင်း သိရသည်။
လောင်းလုံး(ပြန်/ဆက်)