လောင်းလုံး ဧပြီ ၆
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ယနေ့နံနက်(၈)နာရီအချိန်က မြို့မစျေးနှင့် မြို့ပေါ်ရပ်ကွက်အတွင်းရှိ စျေးဆိုင်များတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယဦးစီးမှူး ဦးမျိုးဇော်ဦး ဦးဆောင်မှုဖြင့် မီးဘေးလုံခြုံရေး အသိပညာပေးလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေခြင်းနှင့် (191) စတေကာများကပ်နှိပ်ခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ မီးဘေးလုံခြုံရေး လက်ကမ်းစာစောင်တွင် မီးလောင်ကျွမ်းခြင်း၊ မီးသတ်ဆေးဗူး အသုံးပြုပုံ မီးသတ်ယာဉ်များ အမြန်ဆုံးလာရောက်ငြိမ်းသတ်နိုင်ရေးအတွက် သတင်းပေးပို့သင့်ပုံ၊ ကားတိုင်းတွင် မီးသတ် ဆေးဗူးဆောင်ထားသင့်ပုံ၊ မီးဘေးနှင့်သဘာဝဘေး အန္တရာယ်ကြုံတွေ့လျှင် ဆက်သွယ်ရမည့် ဖုန်းနံပါတ်များ၊ ဓာတ်ဆီဖြည့်/ ဓာတ်ဆီဖလှယ်လျှင် သတိထားသင့်သော အကြောင်းအရာများ၊ အပြင်သွားမည်ဆိုပါက မီးဖို၌ မီးကြွင်း၊ မီးကျန် စစ်ဆေးသင့်ပုံ၊ ဆေးလိပ်သောက်သောသူများ သတိထားလိုက်နာဆောင်ရွက်ရမည့် အကြောင်းအရာများနှင့် မီးဘေးနှင့်သဘာဝအန္တရာယ်ဖြစ်ပွားပါက (၂၄)နာရီ အကူညီတောင်းခံနိုင်ရန်အတွက် မီးသတ်ဦးစီးဌာနသို့ ဆက်သွယ်ရန် ဖုန်းနံပါတ် (191) စတေကာများကပ်နှိပ်ပေးခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များ၊ ဖြန့်ဝေခြင်းများကို မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် မြို့နယ် ပြန်/ဆက် တို့ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
လောင်းလုံး(ပြန်/ဆက်)