သတင်းများ

မုဒုံမြို့၌ သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) ကြဲပက်ပွဲ အခမ်းအနားကျင်းပ
Apr 06,2022
မွန်ပြည်နယ် မုဒုံမြို့နယ် ကွမ်တာကျေးရွာအုပ်စု (ရွာဟောင်းပိုင်း) ကွင်းအမှတ်၊ ၈၃၁ တောင်သူ ဒေါ်လှရီ၏ လယ်မြေပေါ်တွင် ယနေ့နံနက် ၁၀ နာရီက သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)ကြဲပက်ပွဲ အခမ်းအနားကို ကျင်းပရာ ပြည်နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးလှမိုးအောင်၊ ​မုဒုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်ဇော်၊ မြို့နယ်စိုက်ပျိုးရေး ဦးစီး မှူးနှင့်ဝန်ထမ်းများ၊ တောင်သူများတက်ရောက်သည်။
ပေါက်ခေါင်းမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒနှင့်‌ ဘောဂဗေဒဘာသာရပ်အား ဖြေဆိုပြီးစီး
Apr 06,2022
၂၀၂၁- ၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အတွဲ(၁)ဘောဂဗေဒ ဘာသာရပ်နှင့် အတွဲ(၇)ဇီဝဗေဒဘာသာရပ်ကို ပေါက်ခေါင်းမြို့ စာစစ်ဌာန(၂)ခုတွင် ယနေ့နံနက် ၉ နာရီမှ စတင်ဖြေဆိုလျက်ရှိရာ မွန်းတည့်(၁၂)နာရီတွင် ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုပြီးစီးပြီဖြစ်‌ကြောင်း သိရသည်။
တောင်ငူမြို့၌ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမည့် ကျောင်းသား ကျောင်းသူများအား ခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ အာဟာရ အားဖြည့်အချိုရည်များ တိုက်ကျွေး
Apr 06,2022
၂၀၂၁ - ၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို တောင်ငူမြို့နယ်အတွင်းရှိ စာစစ်ဌာန ၉ ခု၌ ယနေ့နံနက်ပိုင်းက စတင်ကျင်းပရာ အတွဲ (၁) မှ ဘောဂဗေဒဘာသာရပ် နှင့် အတွဲ(၇) မှ ဇီဝဗေဒဘာသာရပ်တို့ကို ဝင်ရောက်ဖြေဆိုမည့် အ.ထ.က (၄) စာစစ်ဌာနမှ ကျောင်းသား ကျောင်းသူများထံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက သွားရောက်ပြီး အားဖြည့်အချိုရည်များ တိုက်ကျွေးကာ အားပေးစကားများ ပြောကြားသည်။
မင်္ဂလာတောင်ညွန့်မြို့နယ်တွင်၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဆဋ္ဌမမြောက်နေ့အဖြစ် ဇီဝဗေဒနှင့် ဘောဂဗေဒဘာသာ ရပ်အား ဆက်လက်ဖြေဆို
Apr 06,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့် မြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဆဋ္ဌမမြောက်နေ့ အဖြစ် ဇီဝဗေဒနှင့်ဘောဂဗေဒဘာသာရပ်ကို စာစစ်ဌာနဖြစ်သည့် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက် ၉ နာရီမှစတင်၍ အေးချမ်းစွာ ဆက်လက် ဖြေဆိုလျက်ရှိကြောင်း သိရသည်။
အိမ်မဲမြို့နယ် Community Centre ခန်းမတွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကာကွယ်ရေး အသိပညာပေး Talk Show ပြုလုပ်
Apr 06,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနဖြစ်သော Community Centre ခန်းမတွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကာကွယ်ရေး အသိပညာပေးခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ကို ယနေ့ မွန်းလွဲ ၁ နာရီအချိန်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
တက္ကသိုလ်ဝင်စာမေးပွဲ ဘောဂဗေဒနှင့် ဇီဝဗေဒဘာသာရပ်ကို လယ်ဝေးမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူ(၃၅၉၂)ဦးဖြေဆိုပြီးစီး
Apr 06,2022
ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်အတွင်းရှိ စာစစ်ဌာနများတွင် တက္ကသိုလ်ဝင် စာမေးပွဲ ဆဌမနေ့အဖြစ် ဘောဂဗေဒနှင့် ဇီဝဗေဒဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူ (၃၅၉၂)ဦး အေးချမ်းစွာဖြေဆိုပြီးစီးခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
တောင်ငူမြို့၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဆဌမမြောက်နေ့ ဘောဂဗေဒဘာသာရပ် နှင့် ဇီဝဗေဒဘာသာရပ်ကို ဆက်လက်ဖြေဆို
Apr 06,2022
၂၀၂၁ - ၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၃၁ ရက်တွင် စတင်ကျင်းပလျက်ရှိရာ ယနေ့တွင် ဆဌမမြောက်နေ့အဖြစ် အတွဲ (၁) မှ ဘောဂဗေဒဘာသာရပ်နှင့် အတွဲ (၇) မှ ဇီဝဗေဒဘာသာရပ်ကို တောင်ငူမြို့နယ်အတွင်းရှိ စာစစ်ဌာန ၉ ခု၌ ကျောင်းသား ကျောင်းသူများ ဝင်ရောက်ဖြေဆိုကြသည်။
၂၀၂၁-၂၀၂၂ တက္ကသိုလ်ဝင်စာမေးပွဲ ကော့မှူး၌ အေးချမ်းစွာဖြေဆို
Apr 06,2022
ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ်စာစစ်ဌာန(၃)ခုတွင် ၂၀၂၁-၂၀၂၂ ခုနှစ် ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ယမန်နံနက် ၉ နာရီတွင် စာစစ်ဌာနအသီးသီးတွင် တည်ငြိမ်အေးချမ်းစွာ ဖြေဆိုနေကြကြောင်း သိရသည်။