စလင်း ဧပြီ ၆
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် မြို့မရဲစခန်းရှေ့ စစ်ဆေးရေးဂိတ်တွင် ယမန်နေ့ နံနက်ပိုင်းက ခရီးသွားပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ် (မှတ်ပုံတင်) စစ်ဆေးခြင်းနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးကတ်ပြားများ စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းနိုင်၏ ကြီးကြပ်မှုဖြင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးတင်အေးနှင့် ဝန်ထမ်းများက စလင်း၊ မင်းဘူး ၊ဆင်ဖြူကျွန်းကားလမ်းမပေါ်ရှိ စလင်းမြို့မရဲစခန်း စစ်ဆေးရေး ဂိတ်တွင် ခရီးသွားပြည်သူများအားနိုင်ငံသားစိစစ်ရေးကတ်(မှတ်ပုံတင်)စစ်ဆေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးစီးကြောင်းကတ်ရှိ/မရှိ စစ်ဆေးခြင်းများကို ဆောင်ရွက်လျက်ရှိပြီး ကာကွယ်ဆေး မထိုးနှံရသေးသည့် မြို့နယ်အတွင်းရှိ ပြည်သူများအား မြို့နယ်ကျန်းမာရေးဌာနနှင့် ကျေးလက်ကျန်းမာရေးဌာနများတွင် တာဝန်ရှိသူများက ကာကွယ်ဆေးများ ထိုးနှံပေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ ဆောင်ရွက်ခြင်းလုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၏ ကြီးကြပ်မှုဖြင့် ဧပြီလ၅ရက်နေ့မှ စတင်ပြီး သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပူးပေါင်းကာ နေ့စဉ် မပြတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မောင်လွင်