တောင်ကြီးမြို့၌ အိုမီခရွန်ရောဂါအကြောင်း သိကောင်းစရာ အသိပညာပေး Talk Show ပြုလုပ်
Apr 06,2022
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ် ကာလအတွင်း ပြည်သူများအသိပညာ ဗဟုသုတရရှိစေရန် အသိပညာပေးလုပ်ငန်းများကို အွန်လိုင်းမှတဆင့် ထုတ်လွှင့်ပေးလျက်ရှိရာ၊ တောင်ကြီးခရိုင်၊ လူထုအခြေပြု ဗဟိုဌာန Community Centre တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်း၍ အိုမီခရွန်ရောဂါအကြောင်း သိကောင်း စရာ အသိပညာပေး Talk Show ကို ယနေ့နံနက် ၁၀ နာရီက ပြုလုပ်သည်။