သတင်းများ

ကျောက်ဖြူခရိုင်အတွင်းရှိ စာစစ်ဌာန(၃၅)ခုတွင် တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒဘာသာနှင့် ဘောဂဗေဒ ဘာသာရပ်အား ကျောင်းသား၊ကျောင်းသူများ ဆက်လက်ဖြေဆို
Apr 06,2022
၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာနိုင်ငံတစ်ဝှမ်းတွင် မတ်လ(၃၁) ရက်နေ့ မှစ၍ စတင်ဖြေဆိုလျက်ရှိရာ ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်အတွင်းရှိ စာစစ်ဌာန (၃၅)ခု၌ ဇီဝဗေဒဘာသာနှင့် ဘောဂဗေဒဘာသာရပ်အား ကျောင်းသား၊ ကျောင်းသူများမှ အေးချမ်းစွာဖြင့် ဝင်ရောက်ဖြေဆို လျက်ရှိကြောင်း သိရသည်။
ချောက်မြို့နယ်၌ ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်ကို ဖြေဆိုပြီးစီး
Apr 06,2022
၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲကို မတ်လ (၃၁)ရက်နေ့မှစ၍ မြန်မာတစ်နိုင်ငံလုံးတွင် ကျင်းပလျက် ရှိရာယနေ့ နံနက် (၉) နာရီအချိန်ကစ၍ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်ကို ချောက်မြို့နယ်မှ ကျောင်းသား/ကျောင်းသူများ ဖြေဆိုပြီးစီးကြောင်း သိရသည်။
မအူပင်မြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်ကို ကျောင်းသား/ ကျောင်းသူများ ဆက်လက်ဖြေဆို
Apr 06,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ၂၀၂၂-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်ကို ယနေ့ နံနက်(၉)နာရီ အချိန်မှစတင်၍ ကျောင်းသား/ ကျောင်းသူများ အေးချမ်းစွာ ဆက်လက်ဖြေဆိုလျက်ရှိ​သည်။
ကျောက်မဲမြို့နယ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဇီဝဗေဒနှင့်ဘောဂဗေဒဘာသာရပ်များကို အေးချမ်းစွာ ဖြေဆိုပြီးစီး
Apr 06,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ (ဆဌမနေ့) ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်ကို ယနေ့နံနက်ပိုင်း ၉ နာရီအချိန်ကစတင်ကာ  ကျောက်မဲမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတစ်ခုတည်း၌  ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနမ့်ဆန်မြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် Onlineမှတစ်ဆင့် အားကစားအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေး
Apr 06,2022
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနမ့်ဆန်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် (၁၀) နာရီက ကိုယ်လက်လှုပ်ရှားအားကစား အစီအစဉ်အဖြစ် အားကစားအကများကို ပညာရေးဌာနနှင့်ပူးပေါင်း၍ Online မှ ထုတ်လွှင့်ရန် ရိုက်ကူးခဲ့ပါသည်။
ကံမမြို့နယ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဇီဝဗေဒသာသာရပ်နှင့် ဘောဂဗေဒဘာသာရပ် ဖြေဆို
Apr 06,2022
မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဇီဝဗေဒသာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်တို့အား စာစစ်ဌာန(၃)ခုတို့၌ ယနေ့နံနက် ၉ နာရီက ကျောင်းသား၊ ကျောင်းသူ ၅၇၆ ဦး အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
မိုးနဲမြို့နယ် မီးသတ်ဦးစီးဌာနမှ ပြည်သူ့အကျိုးပြု လုပ်ငန်းများဆောင်ရွက်
Apr 06,2022
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ် မီးသတ်ဦးစီးဌာနမှ ပြည်သူ့အကျိုးပြုလုပ်ငန်းများကို လုပ်ဆောင်လျက်ရှိရာ ယမန်နေ့ ညနေ ၅ နာရီ အချိန်က ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ပိုးသတ်‌‌ဆေးဖျန်းခြင်းကို မြန်မာ့စီးပွားရေးဘဏ်၊ မြို့နယ် တိုင်းရင်းဆေးကုဌာနနှင့် မိုးကုတ်ဝိပဿနာဓမ္မရိပ်သာကျောင်းတို့တွင် ဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။
နတ်မောက်မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်ဖြေဆို
Apr 06,2022
၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၃၁ ရက်မှစတင်၍ မြန်မာတစ်နိုင်ငံလုံး၌ တစ်ပြိုင်တည်း စတင်ကျင်းပခဲ့ရာ မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်၌ ယနေ့နံနက် ၉ နာရီတွင် ဇီဝဗေဒဘာသာရပ်(၈၃.၂၀)ရာခိုင်နှုန်းနှင့် ဘောဂဗေဒဘာသာရပ်(၇၆.၂၇) ရာခိုင်နှုန်း ကျောင်းသား၊ ကျောင်းသူများ ဖြေဆိုလျက်ရှိကြောင်း သိရသည်။