သတင်းများ

ညောင်ဦးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် စာအုပ်စာပေအကြောင်း ဟောပြောပွဲကျင်းပ
Apr 06,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ဧပြီ ၆ ရက်နေ့၊ နံနက် ၁၀နာရီအချိန်က စာအုပ်စာပေအကြောင်း သိကောင်းစရာအသိပညာပေးဟောပြောပွဲကျင်းပခဲ့ကြောင်း သိရသည်။
တောင်ကြီးမြို့တွင် ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ
Apr 06,2022
ကိုဗစ်-၁၉ ရောဂါကူးစက်မှု လျော့နည်းပပျောက်စေရန် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို ယနေ့နံနက် ၉ နာရီခွဲမှစတင်၍ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများသို့ သွားရောက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကျိုက်လတ်မြို့နယ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဇီဝဗေဒနှင့်ဘောဂဗေဒဘာသာရပ်များ ကို ဆက်လက်ဖြေဆို
Apr 06,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ၂၀၂၁ - ၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဇီဝဗေဒနှင့် ဘောဂဗေဒဘာသာရပ်များကို ယနေ့ နံနက်ပိုင်းက မြို့နယ်အတွင်းရှိ စာစစ်ဌာန(၅)ခု၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှမွေးဖွားသောအသက် (၂)နှစ်အောက်ကလေးငယ်များ (MCCT) အကျိုးခံစားခွင့်ရှိသူများအား ထောက်ပံ့ကြေးပေးအပ်
Apr 06,2022
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်တွင် ၂၀၂၁ - ၂၀၂၂ ဘဏ္ဍာနှစ် ပထမ(၃)လပတ် (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ)အတွင်း ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှမွေးဖွားသည့် အသက်(၂)နှစ်အောက် ကလေးသူငယ်များအား (MCCT)အစီအစဉ်ဖြင့် ထောက်ပံ့ကြေးပေးအပ်ခြင်းကို ယမန်နေ့မွန်းလွဲ (၁)နာရီအချိန်က နမ့်ဆန်မြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
သိန္နီမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ (ဆဌမနေ့) ကျောင်းသား၊ ကျောင်းသူ(၂၀၃)ဦး အေးချမ်းစွာ ဝင်ရောက်ဖြေဆိုလျက်ရှိ
Apr 06,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ သိန္နီမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ (ဆဌမနေ့) ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်ကို ယနေ့နံနက်ပိုင်း  ၉ နာရီအချိန်ကစတင်ကာ  သိန္နီမြို့ အခြေခံပညာအထက်တန်းကျောင်း (၁) စာစစ်ဌာနတစ်ခုတည်း၌  ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ကျွန်းစုမြို့တွင် ကာကွယ်ဆေးမထိုးနှံရသေးသည့် ခရီးသွားများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေး
Apr 06,2022
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့မှ အမြန်‌ရေယာဉ်ဖြင့် လိုက်ပါလာသည့် ခရီးသွားများအား ယမန်နေ့က ကာကွယ်ဆေးထိုးနှံခြင်း ရှိ/မရှိ စစ်ဆေးခဲ့ပြီး ကာကွယ်ဆေးလုံးဝမထိုးနှံရသေးသူ ခရီးသွားများအား မြို့အဝင်ဆိပ်ကမ်းရှိ ခရီးသည်နား‌နေဆောင်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်းသိရသည်။
မိုင်းဆတ်မြို့၌ လူငယ်နှင့်အားကစား အသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပ
Apr 06,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ လူငယ်နှင့်အားကစား အသိပညာပေး Talk Show ဆွေးနွေးပွဲကို ဧပြီလ(၆)ရက်နေ့ နံနက်(၉)နာရီက ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
သဲကုန်းမြို့နယ်တွင် နိုင်ငံသား ကိုယ်ရေးမှတ်တမ်း အချက်အလက်များ နိုင်(၄)မှတ်တမ်းများအား Computer ဖြင့် Software programme ဖြင့် ထိန်းသိမ်းနိုင်ရေးစာရင်းရေးသွင်းခြင်း လုပ်ငန်းဆောင်ရွက်လျက်ရှိ
Apr 06,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် သဲကုန်းမြို့နယ် ဧပြီလ ၄ ရက်နေ့မှစ၍ နိုင်ငံသားကိုယ်ရေးမှတ်တမ်း အချက်အလက်များ နိုင်(၄)မှတ်တမ်းများအား Computer ဖြင့် Software programme ဖြင့် ထိန်းသိမ်းနိုင်ရေးစာရင်းရေးသွင်းခြင်းလုပ်ငန်းကို မြို့နယ်ပညာရေးမှူးရုံး၌ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။