တောင်တွင်းကြီးမြို့နယ်၌ ဒေသခံပြည်သူများ ကိုဗစ်-၁၉ရောဂါ ကင်းဝေးစေရန် ဒုတိယအကြိမ် ကာကွယ်ဆေး စတင်ထိုးနှံပေး

တောင်တွင်းကြီး ဧပြီ ၆

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသည့် ဒေသခံပြည်သူ(၄၅၇၈)ဦးတို့ကို ယနေ့နံနက်ပိုင်းက သာသနဗိမာန်ဆေးထိုးစုရပ်တွင် ကျန်းမာရေး ဝန်ထမ်းများက သတ်မှတ်စည်းကမ်းချက်များနှင့်အညီ စနစ်တကျ ထိုးနှံ ဆောင်ရွက်ပေး လျက်ရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးမှ သိရသည်။

ဒေသခံပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကင်းဝေးစေရေးအတွက် ကိုဗစ် ၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ကျန်းမာရေး ဝန်ထမ်းများက သတ်မှတ်စည်းကမ်းချက်များနှင့်အညီ စနစ်တကျ ထိုးနှံဆောင်ရွက် ပေးလျက်ရှိကြောင်းသိရပြီး ကာကွယ်ဆေး လာရောက်ထိုးနှံကြသူများ အဆင်ပြေစွာ ထိုးနှံနိုင်ရေးအတွက် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်း (Volunteer) အဖွဲ့ဝင်များက လိုအပ်သည်များကို ပူးပေါင်းကူညီ ဆောင်ရွက်ပေးနေကြောင်း သိရသည်။

တောင်တွင်းကြီးမြို့နယ်တွင် ဒေသခံပြည်သူများ ကိုဗစ်-၁၉ရောဂါ ကင်းဝေးစေရန်နှင့် ရောဂါကူးစက် ပြန့်ပွားမှုလျော့နည်း ပပျောက်စေရေးအတွက် ကာကွယ်ဆေး ထိုးနှံရန်ကျန် ရှိသူများအား သတ်မှတ်ဆေးထိုးစုရပ်များတွင် မဖြစ်မနေ ကာကွယ်ဆေး သွားရောက် ထိုးနှံနိုင်ရေးအတွက် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က အသံချဲ့စက်ဖြင့် နေ့စဉ်အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ပေး လျက်ရှိကြောင်း မြို့ နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကျော်ခိုင်ထွန်းထံမှ သိရသည်။

နိုင်ဝင်း(ပြန်/ဆက်)