သတင်းများ

ကသာမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများက ပထဝီဝင်ဘာသာရပ်ကို ဆက်လက်ဖြေဆို
Apr 07,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများက ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ (ပထဝီဝင် ဘာသာရပ်)ကို ဧပြီလ(၇)ရက်နေ့၊ နံနက်(၉) နာရီအချိန်မှစ၍ အေးချမ်းစွာ ဆက်လက်ဖြေဆိုခဲ့ကြောင်း သိရသည်။
ပေါင်းတည်မြို့နယ်တွင် တက္ကသိုလ်ဝင် စာမေးပွဲ (ပထဝီဝင်) ဘာသာရပ်အား စာစစ်ဌာန (၂) ခု တွင် ဖြေဆိုပြီးစီး
Apr 07,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင် ယနေ့ နံနက် ကျင်းပသည့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ပထဝီဝင်ဘာသာရပ်ကိုစာစစ်ဌာန (၂)ခုတို့၌ ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ( ၂၉) ဦးတို့က အေးချမ်းစွာ ဆက်လက် ဖြေဆိုခဲ့ကြကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မြိတ်မြို့တွင် နိုင်ငံသားကိုယ်ရေးမှတ်တမ်း နိုင်(၄)မှတ်တမ်းများအား နည်းပညာအသုံးပြု၍ Data Entry စာရင်းရေးသွင်းခြင်း ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး
Apr 07,2022
တနင်္သာရီတိုင်းဒေသကြီး နိုင်ငံသားကိုယ်ရေးမှတ်တမ်း နိုင် (၄) မှတ်တမ်းများအား နည်းပညာ အသုံးပြု၍ Data Entry စာရင်းရေးသွင်းခြင်းကို (၁) လအတွင်း ပြီးစီးအောင် ဆောင်ရွက်နိုင်ရေး အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများနှင့် မြိတ်ခရိုင်/မြို့နယ် ဌာနဆိုင်ရာ တာဝန်ရှိသူများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေပိုင်းက ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ကျွန်းရတနာခန်းမတွင် ကျင်းပခဲ့သည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ နွေရာသီကျောင်းပိတ်ရက်အတွင်း ပအိုဝ်းတိုင်းရင်းသား စာပေများသင်ကြား
Apr 07,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများ၌ ပအိုဝ်းတိုင်းရင်းသားလူငယ်များအတွက် နွေရာသီကျောင်းပိတ်ရက်များအတွင်း ပအိုဝ်းတိုင်းရင်းသားစာပေ သင်ကြားပေးလျက်ရှိသည်။
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံ ပြီးစီးရေးအတွက် Mobile Team စနစ်ဖြင့်ထိုးနှံ
Apr 07,2022
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား ဧပြီလ အတွင်း ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် ယနေ့နံနက်ပိုင်းမှစတင်ပြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုင်လင်းထက်နှင့် ကော်မတီအဖွဲ့ဝင် များ ဦးဆောင်လမ်းညွန်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာ များက ပူးပေါင်း၍ ထိုးနှံဆောင်ရွက်ခဲ့သည်။
ငါ့သရောက်မြို့တွင် “အတွေးများမှသည် လက်တွေ့လုပ်ဆောင်မှုဆီသို့”  စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်
Apr 07,2022
မန္တလေးတိုင်ဒေသကြီး၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့  ပြန်/ဆက် ဦးစီးဌာန (Community Centre)  ခန်းမတွင် ယနေ့နံနက် ၁၀ နာရီတွင် ပြန်ကြားရေးနှင့်ပြည့်သူဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအဖွဲ့ (Book Club) တို့ပူးပေါင်းပြီး စာရေးဆရာ “မြနှင်းရည်ရှိန်” ဘာသာပြန်ဆို ရေးသားထားသော “အတွေးများမှသည် လက်တွေ့လုပ်ဆောင်မှုဆီသို့” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
တက္ကသိုလ်ဝင်စာမေးပွဲ ပထဝီဝင်ဘာသာရပ်ကို ရမ်းဗြဲမြို့နယ်၌ စာစစ်ဌာန(၁၀)ခုတွင် ကျောင်းသား၊ ကျောင်းသူ (၉၄၄)ဦး ဝင်ရောက်ဖြေဆို
Apr 07,2022
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ပထဝီဝင်ဘာသာရပ်ကို ယနေ့နံနက် ၉ နာရီအချိန်က စာစစ်ဌာန(၁၀)ခုတွင် ‌ ကျောင်းသား/ ကျောင်းသူ (၉၄၄)ဦး အေးချမ်းစွာ ဝင်ရောက် ဖြေဆိုခဲ့ကြကြောင်း သိရသည်။
မိုင်းတုံမြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား ကလပ်ပေါင်းစုံ အမျိုးသား ဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ
Apr 07,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့၌ ​မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ကလပ်ပေါင်းစုံအမျိုးသား ဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၈)နာရီအချိန်က မြို့နယ်အားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။