သတင်းများ

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦတင့်လွင် မင်းဘူး(စကု)မြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း ကြည့်ရှု
Apr 07,2022
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်သည် ယမန်နေ့ နံနက်ပိုင်းက အစိုးရအဖွဲ့ဝင် ဝန်ကြီးများဖြစ်ကြသော လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်လင်း၊ သယံဇာတရေးရာ ဝန်ကြီး ဦးစိုင်းမြင့်အေး၊ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်၊ အတွင်းရေးမှူး ဦးသန်းဆွေဝင်းနှင့် တိုင်းဒေသကြီး အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ လိုက်ပါကာ မင်းဘူး (စကု)မြို့နယ်၊ ကျောက်တန်းကျေးရွာသို့ ရောက်ရှိခဲ့ပြီး တောင်သူ ဦးဇေယျာမင်းနှင့် ဒေါ်မူတို့၏ ဟင်းသီးဟင်းရွက် စိုက်ခင်းများ စိုက်ပျိုးထွက်ရှိမှု အခြေအနေ၊ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချမှု အခြေအနေများအား မေးမြန်းကာ ကုန်ကြမ်းအဆင့်မှ ကုန်ချောအဆင့်သို့ တိုးမြှင့်ဆောင်ရွက်ရန် မှာကြားခဲ့ပြီး တောင်သူများ၏ တင်ပြချက်များအပေါ် သက်ဆိုင်ရာ ဌာနများနှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
မံစီမြို့နယ်၌ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးနှင့် ခြိုးခြံချွေတာရေး အသိပညာပေးနံရံကပ် စာ စောင်ပြသ
Apr 07,2022
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ်တွင် ပြည်သူများအနေဖြင့် လျှပ်စစ်အန္တယ်ရာယ် ကင်းရှင်းပြီး လျှပ်စစ်ဓါတ်အားကို ခြိုးခြံချွေတာ သုံးစွဲတတ်စေရန်ရည်ရွယ်၍ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့မြေစိုက်နံရံကပ်ပြဘုတ်၌ ယနေ့ နံနက် ၉ နာရီက စတင်၍ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးနှင့် ခြိုးခြံချွေတာရေး အသိပညာပေးနံရံကပ် စာစောင်ပြသခဲ့ကြောင်း သိရသည်။
သံတောင်ကြီးမြို့နယ်တွင်အသက်တစ်နှစ်ခွဲအောက်ကလေးငယ်များအားပုံမှန် ကာကွယ်ဆေးဆက်လက်တိုက်ကျွေး
Apr 07,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင်ကလေးငယ်များကျန်းမာ သန်စွမ်း စေရန် နှင့် ဉာဏ်ရည်ထက်မြက်စေရန် အသက်တစ်နှစ်ခွဲအောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး တိုက်ကျွေးခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က သံတောင်ကြီးမြို့ပြည်သူ့ဆေးရုံတွင် ဆက်လက် တိုက်ကျွေးခဲ့ကြောင်း သိရသည်။
ငပုတောမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပထဝီဝင်ဘာသာရပ် ဆက်လက်ဖြေဆို
Apr 07,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ သတ္တမနေ့အဖြစ် ပထဝီဝင်ဘာသာရပ်ကို စာစစ်ဌာန (၁၄)ခုတွင် ယနေ့နံနက် (၉)နာရီအချိန်မှစတင်၍ အေးချမ်းစွာဖြင့် ဆက်လက်ဖြေဆိုကြသည်။
ဝါးခယ်မမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးရာနှုန်းပြည့် ထိုးနှံနိုင်ရေးကွင်းဆင်းဆောင်ရွက်
Apr 07,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် Mobile Team အဖွဲ့များဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးရာနှုန်းပြည့် ထိုးနှံနိုင်ရေးအတွက် မြို့ပေါ်ရပ်ကွက် နေပြည်သူများ၊ ကျေးရွာနေပြည်သူများတွင် အသက် ၁၈ ပြည့်ပြီသူတိုင်း တစ်ဦးတစ်ယောက်မကျန် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအပြီးအစီးထိုး နှံနိုင်ရေးကို ယနေ့နံနက် ၉ နာရီအချိန်တွင် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ပြင်စလူမြို့၌ Book Club အဖွင့်ဝင်များနှင့် လက်တစ်ကမ်းမှ ရွှေနည်းလမ်းများစာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ
Apr 07,2022
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့တွင် Book Club အဖွဲ့ဝင်များက လက်တစ်ကမ်းမှ ရွှေနည်းလမ်းများ စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့နံနက် ၁၁နာရီအချိန်က ပြင်စလူမြို့ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်း မ၌ကျင်းပခဲ့ကြောင်း သိရသည်။
လေးမျက်နှာမြို့နယ်တွင် ကျန်းမာရေးအကြောင်း သိကောင်းစရာအသိပညာပေး (Talk Show) ပြုလုပ်
Apr 07,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန Community Centreခန်းမတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နေ့လည်ပိုင်း၌ ကျန်းမာရေး အကြောင်း သိကောင်းစရာများ အသိပညာပေး (Talk Show) ပြုလုပ်ခဲ့သည်။
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် မြိတ်မြို့နယ်ရှိ တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပနေမှု ကြည့်ရှုအားပေးပြီး မြိတ်တက္ကသိုလ်ဝန်ထမ်းများအား သွား‌ရောက်တွေ့ဆုံ
Apr 07,2022
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် တနင်္သာရီတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးယဉ်ထွေး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား/သူများ စိတ်အေးချမ်းသာစွာ ဆက်လက် ဖြေဆိုနေမှုအား လိုက်လံကြည့်ရှုခဲ့ကြပြီး မြိတ်တက္ကသိုလ် ဝန်ထမ်းများအား တွေ့ဆုံခဲ့သည်။