သာပေါင်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတတ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပရေး စီစဉ်ဆောင်ရွက်

သာပေါင်း ဧပြီ ၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီအချိန် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်အေးခန်းမ၌ ကျင်းပခဲ့သည်။

ဒေသဖွံ့ ဖြိုးတိုးတတ်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့် အဖွဲ့ဝင်များ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူး၊ စာရေးများ အပတ်စဉ် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ပြုလုပ်ပြီးနောက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရ စီမံကိန်း ရည်မှန်းချက်များအား မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ အတွင်းရေးမှူး မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်ခိုင်စိုး၊ အဖွဲ့ဝင်() ဗိုလ်မှူးအောင်ကျော်သိန်းတို့က သက်ဆိုင်ရာ ဌာနများသို့ တာဝန်ပေးအပ်ခဲ့ပြီး မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက် ပျော်ရွှင်စွာ ကျင်းပရေး၊ လုံခြုံရေးအလေးထား ဆောင်ရွက်ရေး၊ ကော်မရှင်မဲစာရင်း၊ မြေပြင် စာရင်း၊ လဝကစာရင်း တိုက်ဆိုင်စစ်ဆေး၍ ကွန်ပျူတာရေးသွင်းခြင်း လုပ်ငန်းပူးပေါင်း ဆောင်ရွက်ရေး၊ နိုင်()စာရင်းရေးသွင်းရာတွင်လည်း ပူးပေါင်းဆောင်ရွက်ရေး၊ မီးဘေး အန္တရာယ် ကာကွယ်ရေး၊ နေကြာလျာထားနေရာများသို့ စိုက်တိုးမြှင့်အဖွဲ့ဖြင့် ကွင်းဆင်း ဆောင်ရွက်ရေး၊ ကာကွယ်ဆေးထိုး ကွင်းဆင်းဆောင်ရွက်ရာတွင် ပူးပေါင်းကြီးကြပ် ဆောင်ရွက် ရေးတို့ကို ဆွေးနွေးမှာကြားပြီ လိုအပ်သည်များ အသေးစိတ် ဆွေးနွေးပေါင်းစပ် ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

မျိုးဇော်သိန်း (သာပေါင်း ပြန်/ဆက်)