တွံတေး ဧပြီ ၇
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား/ ကျောင်းသူ များမှ ယနေ့နံနက် (၉) နာရီ အချိန်ကစတင်၍ နေ့လယ် ၁၂ နာရီထိ ပထဝီဘာသာရပ်ကို ဖြေဆိုလျက်ရှိကြောင်း သိရသည်။
၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လ ၃၁ ရက်နေ့မှ ဧပြီလ ၉ ရက်နေ့အထိ ဖြေဆိုကြရမည်ဖြစ်ပြီး တက္ကသိုလ်ဝင် စာမေးပွဲကို မြို့နယ်အတွင်းမှ ကျောင်းသား/ ကျောင်းသူ များ ၀င်ရောက်ဖြေဆိုကြရာတွင် လျှောက်လွှာတင်သွင်းသူ ကျား(၃၉၆)ဦး၊မ(၅၅၄) ဦး၊ စုစုပေါင်း (၉၅၀) ဦးရှိရာ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတွင် ပထဝီဘာသာ ရပ်တွင် စာရင်းရှိ ကျား( ၃၀)ဦး၊ မ( ၃၀)ဦးစုစုပေါင်း( ၆၀)ဦးအနက် ဖြေဆိုသူကျား( ၂၅)ဦး၊ မ( ၂၈)ဦး စုစုပေါင်း( ၅၃)ဦး ဖြေဆိုရာ ၈၈.၃၃ ရာခိုင်နှုန်းဖြေဆိုကြောင်း သိရသည်။
ကျောင်းသား၊ ကျောင်းသူများအေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မြင့် အဖွဲ့၀င်(၁) ဗိုလ်မှူးဇာနည်မောင်နှင့် အဖွဲ့ဝင်များ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ ပညာရေးကြီးကြပ်မှုကော်မတီဝင်များ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် တာဝန်ရှိသူများက အနီးကပ်ကြီးကြပ်စောင့်ရှောက်ပေးလျက်ရှိကြောင်း သိရသည်။
တွံတေးသား