နမ့်ဆန် ဧပြီ ၇
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့စုတို့ ပူပေါင်း၍ “ရှေးဦးသူနာပြုစုနည်း” ခေါင်းစဉ်ဖြင့် Talk Show ကျင်းပဆောင်ရွက်ခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိက Talk Show ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးပြီး မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးက ပြည်သူတစ်ဦးတစ်ယောက် အရေးပေါ်လူနာဖြစ်ခဲ့ရင် ရောဂါအခြေအနေပေါ်မှာလိုက်၍ ရှေးဦးသူနာပြုစုရမည့် နည်းလမ်းအဆင့်ဆင့်တို့ကို ဦးဆောင်ဆွေးနွေးပေးခဲ့သည်။
နမ့််ဆန်မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာ ဗဟုသုတများရရှိစေရန် စာအုပ်များဌားရမ်းပေးခြင်း၊ Talk Show များကျင်းပဆောင်ရွက်ခြင်း၊ ကလေးများအားပြပွဲ/ပြိုင်ပွဲများ ကျင်းပခြင်းတို့ကို စဉ်ဆက်မပြတ် ကျင်းပဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
နမ့်ဆန်ဒေသ(ပြန်/ဆက်)