ကြံခင်း ဧပြီ ၇
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့တွင် စီမံကိန်းများရေးဆွဲအကောင်အထည် ဖော်ရေးကော်မတီ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းများ တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက ကြံခင်းမြို့ ဧရာဦးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ ဦးသိန်းတန်မှ အမှာ စကားပြောကြားရာတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း ဒေသန္တရစီမံကိန်းများမှ ကဏ္ဍအလိုက် ရည်မှန်းချက်များနှင့် စီမံကိန်းလုပ်ငန်းများအောင်မြင်စွာ ဆောင်ရွက်နိုင်ရန် စီမံကိန်းတာဝန် ပေးအပ်ခြင်း ဖြစ်ပါကြောင်းနှင့် မြို့နယ်စီမံကိန်းဦးစီးမှုး ဦးသန်းစိုးဦးမှ ဒေသန္တရစီမံကိန်း ရည်မှန်း ချက်များနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများအား ကဏ္ဍအလိုက် စီမံကိန်းများနှင့် ဒေသ အလိုက် ဖွံ့ဖြိုးရေးစီမံကိန်းတာဝန်များကို လွှဲပြောင်းပေးအပ်ခဲ့သည်။ အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံကိန်းရေးဆွဲအကောင် အထည်ဖော်ရေးကော်မတီအဖွဲ့များနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ တတ်ရောက်ခဲ့ ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)