သတင်းများ

ကရင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့နှင့် လုပ်ငန်းကော်မတီ(၁၂)ရပ်တို့၏ လုပ်ငန်းညှိနှိုင်းအစည်း အဝေးကျင်းပ
Apr 07,2022
သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက အချိန်နှင့်တစ်ပြေးညီ တုံ့ပြန်ဆောင်ရွက်နိုင်ရေး အတွက် ကရင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့နှင့် လုပ်ငန်းကော်မတီ (၁၂) ရပ်တို့၏ လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီခန့်က ဘားအံမြို့၊ ဇွဲကပင် ခန်းမ၌ ကျင်းပသည်။
ဇမ္ဗူသီရိမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပထဝီဝင် ဘာသာရပ် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဆက်လက်ဖြေဆို
Apr 07,2022
၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ စာစစ်ဌာနများ၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြင့် ယနေ့နံနက် (၉) နာရီတွင် ပထဝီဝင် ဘာသာရပ်ကို ဆက်လက်ဖြေဆိုနေကြပြီဖြစ်သည်။
နမ္မတူမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ သတ္တမနေ့ ပထဝီဝင်ဘာသာရပ်၌ ကျောင်းသား၊ ကျောင်းသူ ၂၀ဦး အေးချမ်းစွာ ဝင်ရောက်ဖြေဆို
Apr 07,2022
၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို နိုင်ငံတစ်ဝန်း မတ်လ (၃၁)ရက်နေ့မှ စတင်၍ တစ်ရက်လျှင် (၁)ဘာသာ၊ ဘာသာရပ်တစ်ခုလျှင် ဖြေဆိုချိန် (၃)နာရီဖြင့် ကျင်းပလျက်ရှိရာ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ် အမှတ် (၁)အခြေခံပညာ အထက်တန်း ကျောင်း စာစစ်ဌာန၌ ယနေ့နံနက် (၉)နာရီအချန်ကစတင်ကာ သတ္တမနေ့ ပထဝီဝင်ဘာသာရပ်၌ ကျောင်းသား၊ ကျောင်းသူ ၂၀ဦး အေးချမ်းစွာ ဝင်ရောက်ဖြေဆိုလျက် ရှိကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။
မြောင်းမြမြို့ Community Centre ခန်းမ၌  နွေရာသီအားလပ်ရက်တွင် ကလေးများအတွက် ဉာဏ်ရည်မြှင့်ပြိုင်ပွဲများ ကျင်းပ
Apr 07,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၊ ကလေးစာဖတ်ခန်းတွင် နွေရာသီကျောင်းပိတ်ရက် အားလပ်ရက် တွင် ကလေးများအတွက် ဉာဏ်ရည်မြှင့်ပြိုင်ပွဲများ ကျင်းပပြုလုပ်ရာ  ယနေ့နံနက်(၁၀)နာရီက ကလေးငယ်များ စိတ်ကြိုက် ပုံပြင်ပြော ပြိုင်ပွဲနှင့် စာဖတ်စွမ်းရည် ပြိုင်ပွဲများကို ကျင်းပ ပြုလုပ်ခဲ့သည်။
နမ့်ခမ်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ အသိပညာပေး စာအုပ်စာစောင်/နံရံကပ်စာစောင် နှင့်ဓာတ်ပုံပြပွဲများ ဆောင်ရွက်
Apr 07,2022
မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့နံနက်(၁၀)နာရီအချိန်တွင် အသိပညာပေး စာအုပ်စာစောင်/နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မြို့သစ်မြို့နယ်၌ ၂၀၂၂ ခုနှစ် ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ(ပထဝီဝင်)ဘာသာရပ်ကို ဆက်လက်ဖြေဆို
Apr 07,2022
၂၀၂၂ခုနှစ် ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲများကို ဆက်လက်ကျင်းပ လျက်ရှိရာ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် စာစစ်ဌာ(၃)ခုဖြင့် (ပထဝီဝင်) ဘာသာရပ်ကို ယနေ့နံနက် ၉ နာရီက ဆက်လက်ဖြေဆို လျက်ရှိကြောင်း သိရသည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ ပထဝီဝင်ဘာသာရပ် အေးချမ်းစွာဖြေဆို
Apr 07,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ယနေ့နံနက်(၉)နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်း‌ကျောင်းတွင် ပထဝီဝင်ဘာသာရပ်ကို အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။
လေးမျက်နှာမြို့နယ်တွင် အခြေခံပညာအထက်တန်းအဆင့် တက္ကသိုလ်ဝင်စာမေးပွဲ သတ္တမမြောက်နေ့အဖြစ် ပထဝီဝင်ဘာသာရပ်ဆက်လက်ဖြေဆိုရာ ဖြေဆိုသူ (၉၀.၉၁)ရာခိုင်နှုန်းရှိ
Apr 07,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်အတွင်းရှိ စာစစ်ဌာနအသီးသီးတွင် မတ်လ ၃၁ ရက်နေ့မှစတင်ကာ အခြေခံပညာအထက်တန်းအဆင့် တက္ကသိုလ်ဝင်စာမေးပွဲများ ဖြေဆိုလျက်ရှိပြီး ယနေ့ဧပြီ ၇ ရက်နေ့တွင် သတ္တမမြောက်နေ့ အဖြစ် ပထဝီဝင်ဘာသာရပ်ကို အေးချမ်းပျော်ရွှင်စွာ ဆက်လက်ဖြေဆိုလျက်ရှိသည်။