နမ္မတူမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ သတ္တမနေ့ ပထဝီဝင်ဘာသာရပ်၌ ကျောင်းသား၊ ကျောင်းသူ ၂၀ဦး အေးချမ်းစွာ ဝင်ရောက်ဖြေဆို

နမ္မတူ ဧပြီ ၇  

၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို နိုင်ငံတစ်ဝန်း မတ်လ (၃၁)ရက်နေ့မှ စတင်၍ တစ်ရက်လျှင် (၁)ဘာသာ၊ ဘာသာရပ်တစ်ခုလျှင် ဖြေဆိုချိန် (၃)နာရီဖြင့် ကျင်းပလျက်ရှိရာ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ် အမှတ် (၁)အခြေခံပညာ အထက်တန်း ကျောင်း စာစစ်ဌာန၌ ယနေ့နံနက် (၉)နာရီအချန်ကစတင်ကာ သတ္တမနေ့ ပထဝီဝင်ဘာသာရပ်၌ ကျောင်းသား၊ ကျောင်းသူ ၂၀ဦး အေးချမ်းစွာ ဝင်ရောက်ဖြေဆိုလျက် ရှိကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။

ထိုသို့ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရာတွင် ကျောင်းသား၊ ကျောင်းသူများ ဘေးကင်းလုံခြုံ စိတ်အေးချမ်းမြေ့စွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ နယ်မြေခံတပ်နယ်မှ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေး မှူးများ၊ ရပ်မိရပ်ဖမျာက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိသည်။

နမ္မတူမြို့နယ်တွင် ၂၀၂၁-၂၀၂၂ တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန (၂)ခုဖြင့် ကျင်းပခြင်း ဖြစ်ပြီး သတ္တမနေ့ ဇီဝဗေဒဘာသာရပ်တွင်  အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း စာစစ်ဌာန တွင် စာရင်းပေးသွင်းထားသည့် ကျောင်းသားကျောင်းသူ ၂၆ဦး၊ ဝင်ရောက်ဖြေဆိုသူ ၂၀ဦး၊ ပျက်ကွက် ၆ဦးရှိပြီး ဖြေဆိုရာခိုင်နှုန်း ၇၆.၉၂ရာခိုင်နှုန်းရှိကြောင်း  အခြေခံပညာ အထက်တန်း ကျောင်း (ဘော်တွင်း) စာစစ်ဌာနတွင် စာရင်းပေးသွင်းထားသည့် ကျောင်းသား၊ ကျောင်းသူ မရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးထံက သိရသည်။လူမော် (ပြန်/ဆက်)