နမ့်ခမ်း ဧပြီ ၇
မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့ နံနက်(၁၀)နာရီအချိန်တွင် အသိပညာပေး စာအုပ်စာစောင်/နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပြပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးညီမောင် ဘဦးက နမ့်ခမ်းမြို့ နယ်အတွင်းရှိ ဒေသခံပြည်သူများမှ အသိပညာဗဟုသုတ များ ရရှိစေရန် စာအုပ်စာပေ ဖတ်ရှုလေ့လာမှု တိုးပွားလာ စေရန်နှင့် စာအုပ်စာစောင်များအပေါ် စိတ်ဝင်စားမှု၊ ရင်းနှီး ထိတွေ့မှုများ ရရှိစေရန်ရည်ရွယ်၍ စာအုပ်စာစောင်ပြပွဲ ခင်ကျင်းပြသခြင်း၊ နွေရာသီ ကာလတွင် လျှပ်စစ်မီးကြောင့် မီးလောင်ကျွမ်းမှုအန္တရာယ် မဖြစ်ပေါ်စေရေး၊ လျှပ်စစ် အန္တရာယ်များ မဖြစ်ပေါ်စေရေးနှင့် လျှပ်စစ်မီး လုံလောက်မှု ရှိစေရန် လျှပ်စစ်ဓာတ်အား ချွေသာသုံးစွဲရေး အသိပညာပေး နံရံကပ်စာစောင် ကပ်နှံပြသခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်နှံ့မှုမရှိစေရန်အတွက် ရောဂါ ကြိုတင် ကာကွယ်ရေးလုပ်ငန်း အသိပညာပေးစာစောင်နှင့် ဓာတ်ပုံများကပ်နှံ ပြသလျက်ရှိကြောင်းကို ရှင်းလင်းပြောကြားပြီး ခင်းကျင်းပြသသည့် စာအုပ်စာစောင်များ၊ နံရံကပ်စာစောင်များနှင့် ဓာတ်ပုံများကို ကျောင်းသားကျောင်းသူများက စိတ်ဝင်စား စွာ လေ့လာဖတ်ရှုကြသည်။
နမ့်ခမ်းမြို့ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသည် ပြည်သူများအား အသိပညာဗဟာသုတ ရရှိတိုးပွားစေရန်အတွက် စာဖတ်ဝိုင်းများ ကျင်းပပြုလုပ်ခြင်း၊ စာအုပ် စာစောင် ထိတွေ့ရင်းနှီးမှုရရှိစေရန် ပြည်သူ့စာကြည့်တိုက်တွင် စာအုပ်စာစောင်များ အခမဲ့ ငှားရမ်းပေးခြင်း၊ ရောက်ရှိလာသည့် စာအုပ်စာစောင်အသစ်များကို စာအုပ်ပြပွဲ ပြုလုပ်ခြင်း၊ အသိပညာပေး နံရံကပ်စာစောင်၊ နံရံကပ်ဓာတ်ပုံ ခင်းကျင်းပြသခြင်း၊ အသိပညာပေး ဟောပြောပွဲများ ပြုလုပ်ခြင်းနှင့် စသည့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရှိရသည်။
ဆိုင်ထွန်း(နမ့်ခမ်း)