သတင်းများ

ပေါင်းတည်မြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံနိုင်ရေး ကျေးရွာများအရောက် ကွင်းဆင်း ထိုးနှံပေး
Apr 07,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင် ဆေးထိုးရန်ကျန်ရှိနေသော အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် ကျေးရွာများအရောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ ပါဝင်သောကြီးကြပ်ရေးအဖွဲ့များမှ ကျေးရွာများအရောက် နေ့စဉ်ဆေးထိုးနှံပေးလျှက်ရှိရာ ယနေ့နံနက်ပိုင်းက ဘိုးသာအောင်ကုန်းကျေးရွာအုပ်စု၊ ညောင်ဖြူအုပ်စု၊ ကိုယ်ဝန်ဆောင်အုပ်စု၊ ဇီးပင်လှအုပ်စု၊ ဗျက်ကြီး၊ ကြို့ပင်အုပ်စု၊ ကံငယ်အုပ်စု၊ မှတ်တိုင်အုပ်စုနှင့် ရွာပုလဲကျေးရွာအုပ်စုတို့၌ ကာကွယ်ဆေး ထိုးနှံပေးလျှက်ရှိကြောင်း သိရသည်။
စမ်းချောင်းမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ပထဝီဝင်ဘာသာရပ် ဖြေဆိုပြီးစီး
Apr 07,2022
၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲများကို နိုင်ငံအနှံ့ရှိ သတ်မှတ်စာစစ်ဌာနများတွင် ကျင်းပလျက်ရှိရာ ယနေ့နံနက်(၉)နာရီတွင် ပထဝီဝင်ဘာသာရပ်ကို ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်၊ စာစစ်ဌာန အ.ထ.က(၂) ၌ ကျောင်းသား/သူများ အေးချမ်းစွာဖြေဆိုကြပြီးဖြစ်ကြောင်း သိရသည်။
ညောင်တုန်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများသို့ မိုဘိုင်းစနစ်ဖြင့် ကိုဗစ်-၁၉ရောဂါကာဆေး ကွင်းဆင်းထိုးနှံပေး
Apr 07,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံနှိုင်ရေးအတွက် မိုဘိုင်းစနစ်ဖြင့် ကာကွယ်ဆေးထိုးအဖွဲ့များဖွဲစည်း၍ ကျေးရွာအုပ်စုများသို့ ယနေ့ နံနက် ၉နာရီအချိန်က ကွင်းဆင်းထိုးနှံပေးလျက်ရှိသည်။
သင်္ကြန်နှစ်သစ်ကူးရုံးပိတ်ရက်ကာလအတွင်း စာအုပ်စာ​ပေများဖတ်ရှု​လေ့လာနိုင်​စေရန် Mobile Library ကွင်းဆင်း​ဆောင်ရွက်
Apr 07,2022
ရန်ကုန်တိုင်း​ဒေသကြီး၊ အ​နောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေး ဦးစီးဌာနမှ ဝန်ထမ်းများသည် ယ​နေ့နံနက် ၁၀ နာရီက သင်္ကြန်ရုံးပိတ်ရက် ကာလအတွင်း ဝန်ထမ်းများစာ​ပေဖတ်ရှုလေ့လာနိုင်​​စေရန်ရည်ရွယ်၍ ဒဂုံမြို့နယ်အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာနရုံးသို့ သုတ၊ ရသစာအုပ်များ သွား​ရောက်ငှားရမ်း​ပေးခဲ့ကြပြီး စာဖတ်ပရိသတ်များ လက်ဝယ်အ​ရောက် Mobile Library ကွင်းဆင်း​ဆောင်ရွက်ပေးခဲ့ကြသည်။
နွားထိုးကြီးမြို့ လူထုအခြေပြုဗဟိုဌာန၌ တိုင်းရင်းဆေးဆိုင်ရာအသိပညာပေး Talk Show ဆွေးနွေးပွဲပြုလုပ်
Apr 07,2022
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် တိုင်းရင်းဆေးတို့ ပူးပေါင်း၍ တိုင်းရင်းဆေး ဆိုင်ရာ အသိပညာပေး Talk Show အစီအစဉ်ကို ယမန် နေ့ မွန်းလွဲ ၂ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာနတွင် ကျင်းပပြုလုပ် ခဲ့ကြောင်းသိရသည်။
မလှိုင်မြို့နယ်မိခင်နှင့် ကလေး စောင့်ရှောက်ရေး အသင်းမှ ကိုယ်ဝန်ဆောင်မိခင်များအား အာဟာရ ပစ္စည်းများ ထောက်ပံ့ ပေးအပ်
Apr 07,2022
မလှိုင်မြို့နယ်၊ ထန်းတောကျေးရွာရှိ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းပိုင် ထန်းတောသား ဖွားခန်းသို့ လာရောက်ပြသသော ကိုယ်ဝန်ဆောင်မိခင်များအား မြို့နယ်မိခင်နှင့် ကလေး စောင့် ရှောက်ရေးအသင်းမှ အာဟာရပစ္စည်းများ ယနေ့နံနက် ၁၁ နာရီ ခွဲ အချိန်က ထောက်ပံ့ပေး အပ်ခဲ့ကြောင်းသိရသည်။
ဘားအံ မြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပထဝီဝင်ဘာသာရပ်ကို ကျောင်းသား/ကျောင်းသူ  ၁၉၇  ဦးမှဖြေဆို
Apr 07,2022
၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ (၃၁) ရက်နေ့တွင် စတင်ဖြေဆိုလျက်ရှိရာ ကရင်ပြည်နယ် ဘားအံမြို့နယ်မှ တက္ကသိုလ်ဝင်စာမေးပွဲ ပထဝီဝင်ဘာသာရပ်ကို  ကျောင်းသား/ ကျောင်းသူ(၁၉၇) ဦးမှ ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ဗဟန်းမြို့နယ်၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပထဝီဝင်ဘာသာရပ်အား ကျောင်းသားကျောင်သူများ အေးချမ်းစွာ ဖြေဆို
Apr 07,2022
၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာတစ်နိုင်ငံလုံးရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာအထက်တန်းကျောင်းများ၌ ကျင်းပလျက်ရှိရာ ယနေ့နံနက် ၉ နာရီ မှ ၁၂ နာရီအထိ သတ္တမနေ့အဖြစ် ပထဝီဝင်ဘာသာရပ်ကို ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင် ဗဟန်းမြို့နယ်အတွင်းရှိ ၂၀၂၂ခုနှစ်l တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းတွင်း၊ကျောင်းပြင် ဖြေဆိုသူ ကျောင်းသား၊ကျောင်းသူများ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ဖြေဆိုရာတွင် ကျောင်းသား (၁၂)ဦး၊ ကျောင်းသူ (၉) ဦး စုစုပေါင်း(၂၁)ဦး ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်၊၊