လေးမျက်နှာမြို့နယ်တွင် အခြေခံပညာအထက်တန်းအဆင့် တက္ကသိုလ်ဝင်စာမေးပွဲ သတ္တမမြောက်နေ့အဖြစ် ပထဝီဝင်ဘာသာရပ်ဆက်လက်ဖြေဆိုရာ ဖြေဆိုသူ (၉၀.၉၁)ရာခိုင်နှုန်းရှိ

လေးမျက်နှာ ဧပြီ ၇

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်အတွင်းရှိ စာစစ်ဌာနအသီးသီးတွင် မတ်လ ၃၁ ရက်နေ့မှစတင်ကာ အခြေခံပညာအထက်တန်းအဆင့် တက္ကသိုလ်ဝင်စာမေးပွဲများ ဖြေဆိုလျက်ရှိပြီး ယနေ့ဧပြီ ၇ ရက်နေ့တွင် သတ္တမမြောက်နေ့ အဖြစ် ပထဝီဝင်ဘာသာရပ်ကို အေးချမ်းပျော်ရွှင်စွာ ဆက်လက်ဖြေဆိုလျက်ရှိသည်။

လေးမျက်နှာမြို့နယ်တွင် စာစစ်ဌာန(၆)ခုရှိပြီး အ.ထ.က-လေးမျက်နှာစာစစ်ဌာနတွင် စာရင်းရှိ ၂၀၈ ဦး၊ ဖြေဆို ၁၇၅ ဦးနှင့် ပျက်ကွက် ၃၃ ဦးရှိကြောင်း၊ အ.ထ.က-အိုင်သပြုစာစစ်ဌာနတွင် စာရင်းရှိ၁၇၈ဦး၊ ဖြေဆို ၁၆၇ ဦးနှင့် ပျက်ကွက် ၁၁ ဦး ရှိကြောင်း၊ အ.ထ.က-ခမောက်စု စာစစ်ဌာနတွင် စာရင်းရှိ ၃၉ ဦး၊ ဖြေဆို ၃၆ ဦးနှင့် ပျက်ကွက် ၃ ဦးကြောင်း၊ အ.ထ.က-မဲဇလီစာစစ်ဌာနတွင် စာရင်းရှိ ၅၃ ဦး၊ ဖြေဆို ၅၃ ဦးနှင့် ပျက်ကွက်မရှိ၊ အ.ထ.က-ပန်းတောကြီးစာစစ်ဌာနတွင် စာရင်းရှိ ၁၀၆ ဦး၊ ဖြေဆို ၉၈ ဦးနှင့်ပျက်ကွက် ၈ ဦး ရှိကြောင်း၊ အ.ထ.က-လှော်ကထားစာစစ်ဌာနတွင် စာရင်းရှိ ၁၅၃ ဦး၊ ဖြေဆို ၁၄၁ ဦးနှင့် ပျက်ကွက် ၁၂ ဦး ရှိကြောင်း၊ တစ်မြို့နယ်လုံးအနေဖြင့် စာရင်းရှိ ၇၃၇ ဦး၊ ဖြေဆို ၆၇၀ ဦးနှင့် ပျက်ကွက် ၆၇ ဦးရှိပြီး (၉၀.၉၁) ရာခိုင်နှုန်း ဝင်ရောက်ဖြေဆိုကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။

လေးမျက်နှာမြို့နယ်အတွင်းရှိ စာစစ်ဌာနအသီးသီးတွင် ကျောင်းသားကျောင်းသူများ စိတ်အေး ချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချူပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ ပူးပေါင်းကာ စောင့်ကြပ်ကြည့်ရှုပေးလျက်ရှိပြီး မြို့နယ်စီမံအုပ်ချူပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဗိုလ်မှူး ရဲရင့်နောင်မှ စာစစ်ဌာနများသို့ လုံခြုံရေးနှင့်ကျန်းမာရေးအခြေအနေများ လိုက်လံကြည့်ရ ှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားခဲ့သည်။

ကျော်ဟိန်း(ပြန်/ဆက်)