မြို့သစ်မြို့နယ်၌ ၂၀၂၂ ခုနှစ် ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ(ပထဝီဝင်)ဘာသာရပ်ကို ဆက်လက်ဖြေဆို

မြို့သစ် ဧပြီ ၇

၂၀၂၂ခုနှစ် ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲများကို ဆက်လက်ကျင်းပ လျက်ရှိရာ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် စာစစ်ဌာ(၃)ခုဖြင့် (ပထဝီဝင်) ဘာသာရပ်ကို ယနေ့နံနက် ၉ နာရီက ဆက်လက်ဖြေဆို လျက်ရှိကြောင်း သိရသည်။

မြို့သစ်မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရာ စာစစ်ဌာန ၃ ခုတွင် ပထဝီဝင်ဘာသာရပ်ကို စာရင်းရှိ(၁၉၁)ဦးရှိရာ ဝင်ရောက်ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ(၁၆၆)ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် ၈၆ ဒသမ ၉၁ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။

ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ စာမေးပွဲဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များ၊ ရပ်/ကျေးအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် စာရေးများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကျန်းမာရေး ဝန်ထမ်းများက လုံခြုံရေးအတွက် ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။

သန်းဝင်းထွန်း(ပြန်/ဆက်)