သတင်းများ

သိန္နီမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် နွေရာသီ အေရိုးဗစ်သင်တန်း ဖွင့်လှစ်
Apr 08,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် နွေရာသီကျောင်းပိတ်ရက် အားလပ်ချိန်များတွင် လူငယ်များ ကျန်းမာကြံ့ခိုင်စေရန်နှင့် ဘက်စုံထူးချွန်၍ ကာယဉာဏစွမ်းရည်များ တိုးတက်လာစေရန်၊ နိုင်ငံတော်အတွက် မျိုးဆက်သစ် အားကစားသမားများမွေးထုတ်ပေးနိုင်ရန်အတွက် နွေရာသီအေရိုးဗစ်သင်တန်းကို ယမန်နေ့မွန်းလွဲပိုင်းအချိန်က သင်တန်းဖွင့်လှစ်ခဲ့သည်။
ငပုတောမြို့နယ်၌ အခြေခံလူဦးရေစာရင်း ပြည့်စုံမှန်ကန်စေရေးအတွက် မြေပြင်လူဦးရေစာရင်းများ တိုက်ဆိုင်စစ်ဆေး
Apr 08,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာအုပ်စုများအလိုက် အခြေခံမဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်မှုရှိစေရေးအတွက် မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းကို ဧပြီလ ၁ ရက်နေ့မှစတင်၍ အ.လ.က-ရွှေမြကွင်းကျောင်း၌ ဆောင်ရွက်လျက်ရှိသည်။
ကျောက်မဲမြို့တွင် နွေရာသီ အခြေခံ(ဘောလုံး၊ မြန့်မာ့သိုင်း၊ ကရာတေးဒို၊ အေရိုးဗစ်၊ စားပွဲတင်တင်းနစ်) အားကစားသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
Apr 08,2022
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဖွင့်လှစ်ခဲ့သည့် နွေရာသီအခြေခံ (ဘောလုံး၊ မြန့်မာ့သိုင်း၊ ကရာတေးဒို၊ အေရိုးဗစ်၊ စားပွဲတင်တင်းနစ်) အားကစား သင်တန်းဆင်းပွဲ အခမ်းအနားကို ဧပြီ ၇ နေ့ မွန်းလွဲ  ၃  နာရီအချိန်က ကျောက်မဲမြို့၊ အမှတ် ၁ အခြေပညာအထက်တန်းကျောင်း၊ ပတ္တမြားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မြစ်ကြီးနားမြို့၌ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ဗဟိုမဏ္ဍပ်အပါအဝင် လမ်းလျှောက်သင်္ကြန်ပွဲတော်အတွက် ပြင်ဆင်ဆောင်ရွက်
Apr 08,2022
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ၁၃၈၃ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ဗဟိုမဏ္ဍပ်၊ ရေကစားမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်ပွဲတော်ပါ ထည့်သွင်းကျင်းပပြုလုပ်နိုင်ရေး ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။
ဇလွန်မြို့နယ်တွင် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) ကြဲပက် စိုက်ပျိုးပွဲ အခမ်းအနားကျင်းပ
Apr 08,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မိုးကြိုကာလ မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ကြဲပက်စိုက်ပျိုးပွဲနှင့် အသိပညာပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီအချိန်တွင် ဖက်သောင်ကျေးရွာအုပ်စုရှိ ကွင်းအမှတ် ၁၈၄၂၊ ၂၂ /၂ ရှိ တောင်သူ ရွှေထူးနှင့်တောင်သူ (၄)ဦးပါ လယ်ယာမြေ (၂၅)ဧကတွင် ကျင်းပ ပြုလုပ်ခဲ့သည်။
ပင်းတယမြို့နယ်၌ ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ၊ သမိုင်းဘာသာရပ်၌ ကျောင်းသား/ ကျောင်းသူစုစုပေါင်း(၂၉၄) ဦး အေးချမ်းစွာဖြေဆိုပြီးစီး
Apr 08,2022
၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာတစ်နိုင်ငံလုံးတွင် မတ်လ(၃၁) ရက်နေ့မှ စတင်ကျင်းပလျက်ရှိရာ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင်စာစစ်ဌာန(၅)ခု၌ ယနေ့နံနက်(၉)နာရီ အချိန်မှစ၍ သမိုင်းဘာသာရပ်တွင်  ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
သိန္နီမြို့နယ်တွင် ၂၀၂၁−၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်၀င်တန်း စာမေးပွဲ သမိုင်းဘာသာရပ် ဖြေဆို
Apr 08,2022
ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးခရိုင်၊ သိန္နီမြို့နယ်တွင် ၂၀၂၁−၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်၀င်တန်းစာမေးပွဲ သမိုင်းဘာသာရပ်ကို ယနေ့နံနက်ပိုင်း ၉ နာရီအချိန်က စတင်ကာ သိန္နီမြို့ အခြေခံပညာ အထက်တန်းကျောင်း (၁) စာစစ်ဌာန တစ်ခုတည်း၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
စာဖတ်ရှိန်မြှင့်တင်ရေး မိုဘိုင်းစနစ်ဖြင့် ဌာနဆိုင်ရာ ရုံးများအရောက် စာအုပ်များ အခမဲ့ ငှားရမ်းပေး
Apr 08,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဝန်ထမ်းများက ယနေ့နံနက် (၁၁)နာရီက မြို့နယ်မီးသတ်ဦးစီးဌာနရုံးသို့  မိုဘိုင်းစနစ်ဖြင့် စာအုပ်များ အခမဲ့ကွင်းဆင်း ငှားရမ်းပေးခဲ့သည်။