ဇမ္ဗူသီရိ ဧပြီ ၇
၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ စာစစ်ဌာနများ၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြင့် ယနေ့နံနက် (၉) နာရီတွင် ပထဝီဝင် ဘာသာရပ်ကို ဆက်လက်ဖြေဆိုနေကြပြီဖြစ်သည်။
ဇမ္ဗူသီရိမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို စာစစ်ဌာန (၆) ခုဖြင့် ဖြေဆို ကျင်းပလျက်ရှိပြီး ယနေ့ဖြေဆိုကျင်းပသည့် ပထဝီဝင်ဘာသာရပ်ကို ဖြေဆိုစာရင်းပေးသူ (၁၆၂) ဦးရှိပြီး ကျောင်းတွင်းနှင့် အပြင်ဖြေ (၁၃၇) ဦးဖြေဆိုကာ (၂၅) ဦး ပျက်ကွက်ခဲ့ပြီး ဖြေဆိုသူရာခိုင်နှုန်း ၈၄ ဒဿမ ၅၇ ရာခိုင်နှုန်းဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
အဆိုပါ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရာတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် လုံခြုံရေးကိစ္စရပ်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)