ဟင်္သာတမြို့နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံပေးနိုင်ရေး အရှိန်မြှင့် ဆောင်ရွက်လျက်ရှိ
Apr 21,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးမှုအား အရှိန်မြှင့်၍ သက်မှတ်ကာလတွင် အချိန်မီ ရာနှုန်းပြည့် ပြီးစီး အောင်မြင်ရေး ဆောင်ရွက်လျက်ရှိရာ ဟင်္သာတ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌ ဦးမြင့်သန်းဝင်း ဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးချမ်းငြိမ်းအောင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများ ပူးပေါင်း ပါဝင်သော အဖွဲ့သည် ယမန်နေ့ နံနက်ပိုင်းမှ စတင်၍ မြို့ပေါ်ရှိ ရပ်ကွက်နှင့် ကျေးရွာ များရှိ သတ်မှတ်ထားသည့်နေရာများတွင် ဦးတည်အုပ်စုများမှ ကာကွယ်ဆေး မထိုးနှံ ရသေးသည့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိသည်။