ပူတာအိုခရိုင်၌ အေရိုးဗစ်နှင့် Physical Fitness Dance သင်တန်းဖွင့်
Apr 20,2022
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်းမှုဖြင့် လူငယ်လူရွယ်များ အားကစားကဏ္ဍတွင် ဖွံ့ဖြိုးတိုးတက်လာစေရန် အတွက် အေရိုးဗစ်နှင့် Physical Fitness Dance သင်တန်းဖွင့်ပွဲအခမ်းအနားကို ဧပြီ(၂၀)ရက် နံနက်(၁၀) နာရီက ပူတာအိုခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန ခန်းမ၌ ဖွင့်လှစ်သည်။