နမ္မတူမြို့နယ်၌ အခြေခံပညာသင်ရိုးသစ် (Grade-5) နည်းပြ (TOT) သင်တန်း ဒုတိယနေ့အဖြစ် အင်္ဂလိပ်စာ ဘာသာရပ်အား ဖွင့်လှစ်ပို့ချ
Apr 21,2022
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် အခြေခံပညာအရည်အသွေး တိုးတက်ရန်အတွက် ပညာရေးပြုပြင်ပြောင်းလဲမှု၏ အရေးပါသော ဆောင်ရွက်မှုတစ်ခုဖြစ်ရန်၊ လာမည့်စာသင်နှစ်တွင် ပဉ္စမတန်းကလေးများအား သင်ကြားပေးနိုင်ရန်အတွက် ပဉ္စမတန်း သင်ရိုးသစ်ကို မိတ်ဆက်ပေးရန်၊ ပဉ္စမတန်းသင်ရိုးကို လေ့လာရာတွင် မူလတန်းအဆင့် သင်ရိုးအားလုံးကိုခြုံငုံမိပြီးနောက် အလယ်တန်းအဆင့် သင်ရိုးနှင့်ချိတ်ဆက်မှုများကို သိရှိရန်၊ ဘာသာရပ်အားလုံးတွင်ပါဝင်သော သင်ယူမှုအကြောင်းအရာနှင့် သင်ယူမှုလုပ်ငန်းများသည် မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ၏ ကျွမ်းကျင်မှု အရည်အသွေးများကို တိုးတက်စေပြီး အလယ်တန်းအဆင့် သင်ကြားရာတွင်လည်း အဆင့်သင့်ဖြစ်စေရန် ရည်ရွယ်၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် သင်ရိုးသစ် (Grade-5) နည်းပြ (TOT) သင်တန်းကို ဧပြီလ (၂၀)ရက်နေ့ နံနက်ပိုင်းတွင် မြို့နယ်ပညာရေးမှူးရုံး၌ Online စနစ်ဖြင့်ဖွင့်လှစ် သင်ကြားလျက်ရှိရာ ယနေ့တွင် သင်တန်း ဒုတိယနေ့အဖြစ် အင်္ဂလိပ်စာ ဘာသာရပ်အား ပို့ချသင်ကြားလျက်ရှိသည်။