ပေါက်ခေါင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးရာနှုန်းပြည့်ထိုးနှံနိုင်ရေး ညှိနှိုင်းစည်းဝေးပြုလုပ်

ပေါက်ခေါင်း     ဧပြီ    ၂၁

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၉ နာရီခွဲအချိန်က ကိုဗစ်-၁၉ ကာကွယ်ဆေးရာနှုန်း ပြည့် ထိုးနှံနိုင်ရေးနှင့် မဲစာရင်းများအချိန်မီပြီးစီးရေးအတွက် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့ကြောင်းသိရသည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးသူမောင်က ပေါက်ခေါင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ရပ်ကွက်၊ ကျေးရွာများသို့ မိုလ်ဘိုင်းဆေးထိုးအဖွဲ့များဖြင့် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း၊ ယခုအခါရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့များက ကျေးရွာများသို့ကောက်သင်းကောက်၍ ဆေးထိုးအဖွဲ့များက အိမ်တိုင်ရာ ရောက် တစ်အိမ်တက်ဆင်း ထိုးနှံပေးလျက်ရှိရာ ဆေးထိုးပြီးစီးမှု ၉၆ ရာခိုင်နှုန်းကျော်ရှိပြီဖြစ်ကြောင်း ကိုဗစ်စစ်ဆေးရေးဂိတ်များတွင်လည်း ဌာနဆိုင်ရာများမှ ပူးပေါင်းပါဝင်ပေးစေလိုကြောင်း ပြောကြားသည်။ ဆက်လက်၍ မဲစာရင်းများပြုစုရာတွင် အချိန်မီပြီးစီးရေးအတွက်လည်း ဌာနများ ဝိုင်းဝန်းဆောင်ရွက်ကြရန်တို့ကို ဆွေးနွေးပြောကြားရာ တက်ရောက်လာသည့် ဌာနဆိုင်ရာတာဝန်ရှိသူများကလည်း ပြန်လည်ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)