တောင်သာ ဧပြီ ၂၁
၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ သင်ရိုးသစ် (Grade-5) ဗဟိုအဆင့်နည်းပြ (TOT) Online သင်တန်းကို ယမန်နေ့က အခြေခံပညာဦးစီးဌာနမှ တစ်နိုင်ငံလုံး တစ်ပြိုင်နက်ဖွင့်လှစ်ခဲ့ရာ တောင်သာမြို့နယ်မှ ဆရာ/ဆရာမများက မြို့နယ်ပညာရေးမှူးရုံးခန်းမ၌ Online စနစ်ဖြင့် စုပေါင်းတက်ရောက် သင်ကြားလျက်ရှိကြောင်း သိရသည်။
အဆိုပါ သင်တန်းတွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ လူမှုရေး၊ စာရိတ္တ၊ ပြည်သူ့နီတိနှင့် ကာယ ပညာရပ်များကို ဧပြီ (၂၀) ရက်မှ (၂၅)နေ့အထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်းနှင့် သင်တန်းတွင် တောင်သာမြို့နယ် ဆရာ/ဆရာမ (၄၈) ဦး တက်ရောက်သင်ကြားလျက်ရှိပြီး သင်တန်းပြီးဆုံးပါက တောင်သာမြို့နယ်အတွင်းရှိ ဘာသာရပ်သင် ဆရာ/ဆရာမများအား ဆင့်ပွားသင်တန်းများ ဖွင့်လှစ် သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်မျိုးနိုင်(တောင်သာ)